CNI International News

ဘေဂျင်း၊ အောက်တိုဘာ ၂၀

တရုတ်၏ ချမ်းသာကြွယ်ဝမှု စုဝေးလာခြင်းအား ထိရောက်စွာ တင်းကြပ်ရန် သမ္မတ ရှီကျင့်ဖျင်က ကြေညာပြီး ရက်ပိုင်းအတွင်း ဘေဂျင်းနည်းပညာကဏ္ဍ လှုပ်ခတ်သွားခဲ့သည်။

ထို့နောက် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းအပေါ် ယုံကြည်မှု ထိပါးလာသဖြင့် မည်သူ့ ပစ်မှတ်ထားခြင်းခံရမလဲ ထင်ကြေးများ တိုးလာနေကြောင်း South China Morning Post သတင်းစာက ရေးသားဖော်ပြသည်။

အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သော ရှီကျင့်ဖျင်၏ အစီရင်ခံစာတွင် “ဘုံကြွယ်ဝမှုအောက်၌ တရုတ်သည် လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုယူခံရခြင်းအတွက် အညီအမျှ ဖြန့်ဝေသွားရန် ပိုမိုခိုင်မာသည့် စည်းမျဉ်း စည်းကမ်းများကို” ပြသသွားခဲ့သည်။

 ရှီကျင့်ဖျင် မိန့်ခွန်းပြောနေသည်ကို ပြသထား(GETTY IMAGES)



“ကျနော်တို့ဟာ ဝင်ငွေခွဲဝေပုံနဲ့ စည်းစိမ်ဥစ္စာ စုဆောင်းတဲ့ နည်းလမ်းတွေကို ကောင်းကောင်း ထိန်းချုပ်ထားမှာပါ။ တရားဝင် ဝင်ငွေကို အကာအကွယ်ပေးမယ်။ အလွန်အကျွံရလာတဲ့ ဝင်ငွေကို ချိန်ညှိပြီးတော့ တရားမဝင် ဝင်ငွေ ကို တားမြစ်သွားမှာ ဖြစ်ပါတယ်” ဟု ရှီက ၎င်း၏အစီရင်ခံစာ (အင်္ဂလိပ်ဘာသာသို့ပြန်ဆိုချက်) ထဲတွင် ပြောကြား ထားသည်။

ဘုံကြွယ်ဝ ချမ်းသာမှုသည် မူဝါဒအသစ် မဟုတ်သော်လည်း ကြွယ်ဝချမ်းသာမှု စုဆောင်ခြင်း နည်းလမ်းများကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ တရုတ်ထိပ်တန်း ခေါင်းဆောင်များအနက် ပထမဆုံးအကြိမ် ရှီကျင့်ဖျင်၏ မှတ်ချက် များ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု South China Morning Post က ဆက်လက် ရေးသားသည်။

ကွန်မြူနစ်ပါတီ၏ ကွန်ဂရက်(အစည်းအဝေး)တွင် ရှီကျင့်ဖျင် တိုတိုတုတ်တုတ် ပြောကြားသော သဘောထား မှတ်ချက်များသည် နောင်လာမည့် ပိုမိုခိုင်မာသော မူဝါဒများ၏ သွင်ပြင်လက္ခဏာ တစ်ရပ်လည်း ဖြစ်သည်။

ရှီ၏ အစီရင်ခံစာတွင် နောက်ထပ် အသေးစိတ် အချက်အလက်များကို မဖော်ပြထားသော်လည်း ဆင်းရဲနွမ်းပါး သော မိသားစုများကို ထောက်ပံ့ရန်၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရန်၊ လူမှုလုံခြုံရေး ကွန်ရက် အား ကောင်းလာစေရန်နှင့် အများပြည်သူ ဝန်ဆောင်မှု ကဏ္ဍများ၌ အခွန်အခကိစ္စ ကိုင်တွယ်ဖြေရှင်းရန် လေ့လာ သုံးသပ်သူများက မျှော်လင့်နေကြသည်။

 ဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်နိုင်ငံ(GETTY IMAGES)

တရုတ်နိုင်ငံတွင် အလွန်အကျွံ ရရှိသော ဝင်ငွေကို ချိန်ညှိနိုင်ပြီး ဘေဂျင်း၏ လူလတ်တန်းစား များများ ပေါ်ပေါက်စေရေး ရည်မှန်းချက်မှာ ဆက်လက် ရှိနေဖွယ်ရှိကြောင်း ၎င်းတို့က ပြောကြသည်။

ပြည်ပရောက် တရုတ်ပညာရှင် အချို့ကတော့ ပြည်တွင်း၌ ပုဂ္ဂလိက စွန့်ဦးတီထွင် သူများအတွက် ခက်ခဲ ကြမ်းတမ်းသော လမ်းတစ်လမ်းကို ကြိုတင်ရှုမြင်နေကြသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် Natixi ရင်းနှီးမြှုပ်နှံမှုဘဏ်မှ အာရှ-ပစိဖိတ် စီးပွားရေး ပညာရှင်အဖွဲ့၏ အကြီး အကဲဖြစ်သူ အလီစီယာဂါစီယာက “ဒါက လူချမ်းသာတွေအတွက် ဂရုစိုက်စေရမယ့် အချက်ပြမှု ဖြစ်သင့်တယ်” ဟု ရှီ၏ အစီရင်ခံစာကို ရည်ညွှန်းလျက် သတိပေးခဲ့သည်။

Source: South China Morning Post