CNI News

 ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

 မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အံခဲ- ဝဲဂ​လောင်း​ကျေးရွာ ပင်လယ်ပြင်ကမ်းခြေအနီးရှိ ကျိုက်နဲ့ရေလယ် ဘုရားပွဲတော်သို့ ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းက ဘုရားတက်ချိန်တွင် ဒေသအသီးသီးမှ လာရောက်၍ ဘုရားဖူးကြသူများထဲမှ ဘုရားဖူး ၁၇ ဉီးထက်မနည်း ရေနစ်သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် မွန်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

ဖြစ်စဉ်အသေးစိတ်ကိုမူ မသိရသေးကြောင်း၊ သက်ဆိုင်ရာဌာနများသို့ ဆက်သွယ် မေးမြန်းလျက်ရှိရာ ဖုန်းလက်ခံ ဖြေကြား ခြင်း မရှိသေးပေ။