CNI International News

ဘန်ကောက်၊ မတ်လ ၂၀

ထိုင်းရဲတပ်ဖွဲ့က ဝိနည်းချိုးဖောက်သည့် ကမ္ဘောဒီးယားဘုန်းကြီးများကို လူဝတ်လဲခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုဘုန်းကြီးများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီးနောက် ဝိနည်းချိုးဖောက်ကာ ညဘက် တွင် အစားအစာများ အလှူခံနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ခြင်း ဖြစ် သည်။

ထိုဘုန်းကြီး ၃ ပါးကို ဗုဒ္ဓဘာသာ သံဃာတော်များ၏ ဝိနည်းချိုးဖောက်မှုဖြင့် ပတ္တရား (Pattaya)မြို့တွင် လူဝတ်ကြောင်ဘဝသို့ ပြောင်းလဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် ဝိနည်းအားဖြင့် မွန်းတည့်ချိန် ဆွမ်းစားပြီးပါက နောက်တစ်နေ့ မနက် အရုဏ်မတက်မီ အချိန်အထိ အစားအစာများ စားသုံးခွင့်မရှိပေ။

ရဲတပ်ဖွဲ့သည် မတ်လ ၁၉ ရက် မွန်းလွဲ ၄ နာရီတွင် ဝတ် ချိုင်မွန်ကူလ် (Wat Chaimongkol) ညစျေးသို့ သွားရောက် ကြည့်ရှုချိန်၌ ဘုန်းကြီးတစ်ပါးသည် အစားအစာများ အလှူခံနေသည်ကို တွေ့ရှိခဲ့သည်။

ထိုင်းက တောအုပ်တစ်ခုထဲမှာ ယာယီတဲထိုးနေတဲ့ဘုန်းကြီးကိုတွေ့ရစဉ်

အဆိုပါ ဘုန်းကြီးထံတွင် ရဟန်းသံဃာတော်ဖြစ်ကြောင်း အတည်ပြုထားသည့် ထောက်ခံစာ တစ်စောင်ကိုလည်း တွေ့ရှိခဲ့သည်။

ထို့နောက် အာဏာပိုင်များက အခြားညစျေးများကို ထပ်မံရှာဖွေချိန်တွင် အစားအစာများ အလှူခံနေသည့် နောက်ထပ်ဘုန်းကြီး ၂ ပါးကို တွေ့ရှိခဲ့သည်။

ထိုဘုန်းကြီး ၂ ပါးတွင်လည်း ရဟန်းသံဃာတော်ဖြစ်ကြောင်း အတည်ပြုထားသည့် ထောက်ခံစာများကို တွေ့ရှိရသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ဘုန်းကြီး ၃ ပါးစလုံးသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် သီတင်းသုံး နေထိုင်ခြင်းမရှိဘဲ ဆွိုင်နောင်ဟင် (Soi Nong Hin) မြို့အနီးရှိ တောအုပ်တစ်အုပ်ထဲ၌ ယာယီတဲထိုးပြီး နေထိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်