CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

ယနေ့ သက္ကရာဇ် ၂၁၁၇ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းတိုင်းရင်းသားများသည် ထိုင်းနိုင်ငံ အပါအဝင် ရှမ်းပြည်နယ်၊ ရန်ကုန်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများတွင် ကျင်းပခဲ့ ကြသည်။

အင်းတော်ကြီးဒေသနေ ရှမ်းနီတိုင်းရင်းသားများသည် ကောက်ဦးဆွမ်းကပ်လှူပွဲကို ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ရှမ်းနှစ်သစ်ကူးပွဲတော်နေ့မှာ ကျင်းပခဲ့သည်။

ရှမ်းတိုင်းရင်းသားများ စုပေါင်း၍ ရန်ကုန် ရှမ်းကျောင်းမှာ ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပနေစဉ်

အလားတူ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)က ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ် ရှိ အောင်မြေဘုံသာ ရှမ်းဘုန်းတော်ကြီးကျောင်း (၉ မိုင်- နှီးဘုရားကျောင်း)မှာ နှစ်သစ်ကြိုဆိုခြင်းနှင့် နှစ်သစ်ကူး ဆွမ်းကပ်လှူ ကောက်သစ်စားပွဲ ကျင်းပခဲ့သည်။

ထို အခမ်းအနားသို့ ရန်ကုန်ရှမ်းနီလူငယ်အသင်း၊ လားရှိုးအသင်း(ရန်ကုန်)၊ ရှမ်းနှစ်ခြင်းအသင်းတော်(ရန်ကုန်)၊ ကျောက်မဲအသင်း(ရန်ကုန်)၊ တိုင်းခမ်းတီးအသင်း(ရန်ကုန်) တို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ထို့နောက် ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသားများကလည်း သက္ကရာဇ် ၂၁၁၇ ရှမ်းနှစ်သစ်ကူးပွဲတော်ကို အဆို အကများဖြင့် ကျင်းပခဲ့သည်။