CNI International News
ဝါရှင်တန်၊ မတ်လ ၄
ယူကရိန်းနိုင်ငံရှိ ဇေ့ပေါ့ဇေယာ (Zaporizhzhia) နျူကလီးယားစက်ရုံရှိ ဓာတ်ပေါင်းဖိုများကို ဘေးကင်းစိတ်ချစွာ ထိန်းချုပ် ကာကွယ်လျက် ပိတ်သိမ်းထားကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီး ဂျနီဖာဂရမ်ဟုမ်း (Jennifer Granholm) က မတ်လ ၃ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနှင့်ယူကရိန်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသရှိ အဆိုပါစက်ရုံ အခြေအနေနှင့်ပတ်သက်၍ ၎င်းနှင့် ယူကရိန်းဝန်ကြီး တို့ ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ဂျနီဖာဂရမ်ဟုမ်းက တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။
Zaporizhzhia နျူကလီးယား စက်ရုံကိုတွေ့ရစဉ်(AA)
“အဲဒီစက်ရုံနားမှာ ဓာတ်ရောင်ခြည် ဖြာထွက်မှု မြင့်မားတာမျိုး မတွေ့ရဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ဇေ့ပေါ့ဇေယာ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် ယူကရိန်း အရှေ့တောင်ပိုင်းတွင် အကြီးမားဆုံး နျူကလီးယားစက်ရုံဖြစ်ပြီး ဥရောပတွင်လည်း အကြီးဆုံး စက်ရုံတစ်ရုံအဖြစ် သတ်မှတ်ထားသည်။
Source: Reuters