CNI International News
၂၀၂၂ ခုနှစ်၊ မတ်လ ၁

ယူကရိန်းနိုင်ငံ၏ ဒုတိယမြို့တော် ခါကိမြို့၏ အစိုးရရုံးရှေ့ ဗဟိုရင်ပြင်တွင် ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း AFP သတင်းက ဖော်ပြထားသည်။

ရုရှားတပ်ဖွဲ့များ ချီတက်လာမှုကြောင့် အင်္ဂါနေ့(မတ်လ ၁ ရက်)က ပြင်းထန်စွာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို ခါကိမြို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးလည်း ပျက်စီးခဲ့ကြောင်း ခါကိမြို့ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Oleg Sinegubov က ပြောကြားခဲ့သည်။

Source: AFP