CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁

တူရကီ ဘောလုံးသမားဖြစ်တဲ့ ဒီမီရာ ဟာ ယူကရိန်းကို အားပေးထောက်ခံတဲ့ No To War စာသားပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ဒီလိုငြင်းဆန်ခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရပြီး သူကတော့ ဒီ ဆုံးဖြတ်ချက်ကို ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

ဒီမီရာ ဟာ တူရကီ ဒုတိယတန်းကလပ်ဖြစ်တဲ့ အာဇူရန်စပေါ် အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး အန်ကာရာဂူ အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ စာတန်းပါတီရှပ်ကို မဝတ်ဆင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ခဲ့ တာပါ။ အသက် (၃၃)နှစ်အရွယ်ရှိ ကစားသမားဟာ အသင်းခေါင်းဆောင် လက်ပတ်နဲ့အသင်းရဲ့ ဂျာစီကိုပဲ ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဒီမီရာ ဟာ ဆိုရှယ်မီဒီယာပေါ်မှာ အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေနဲ့အတူ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။

ဒီမီရာ ဟာ နယ်သာလန်မှာ မွေးဖွားခဲ့ပေမယ့် တူရကီလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုခဲ့တာဖြစ်ပါတယ်။ သူဟာ စံနှုန်းနှစ်ခုကို မီးမောင်းထိုးပြခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ လူတွေနေ့တိုင်း ဒုက္ခရောက်နေကြတယ် လို့ ပြောခဲ့တာပါ။

ဒီမီရာ က “အရှေ့အလယ်ပိုင်းမှာဆို လူတွေ ထောင်ပေါင်းများစွာ နေ့စဉ်သေဆုံးနေကြပါတယ်။ အဲဒီအတွက် ကျနော်ခံစားရပါတယ်။ အပြစ်မဲ့ပြည်သူတွေရဲ့နာကျင်မှုတွေကို ကျနော် မျှဝေခံစားလိုက်ရပါတယ်။ အဲဒီမှာ နှိပ်စက်ညှင်းပန်းမှုကို လျစ်လျူရှုခဲ့တဲ့သူတွေက ဥရောပရောက်တဲ့အခါမှာ ဒါတွေကို လုပ်ဆောင်နေကြပါတယ်။ အဲဒီလိုနိုင်ငံတွေအတွက် မလုပ်ဆောင်ကြလို့ တီရှပ်ဝတ်ရတာကို မကြိုက်ပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဥရောပဘောလုံးလောက ကတော့ ရုရှားရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေ ကြတာပါ။ ဖီဖာနဲ့ ယူအီးအက်ဖ်အေ ကလည်း ရုရှားလက်ရွေးစင်တွေနဲ့ ကလပ်အသင်းတွေအားလုံးကို သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ ရုရှားဘောလုံးအဖွဲ့ချုပ်ကတော့ ဒီလို ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်တွေကို အယူခံဝင်သွားဖို့ ရှိနေပါတယ်။

Source:Sportbible