CNI International News

လန်ဒန်၊ အောက်တိုဘာ ၁၇

လန်ဒန်မြို့၊ အမှတ် (၁၀) ဒေါင်းနင်းလမ်းက အထွေထွေရွေးကောက်ပွဲအတွက် သတိပေးထားသော်လည်း ဗြိတိန် လွှတ်တော်အမတ်များကတော့ ယခုသီတင်းပတ်အတွင်း ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်ကို ဖြုတ်ချရေး ကြိုးစားကြ မည်ဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းကို ကိုးကားလျက် ရိုက်တာက ရေးသားဖော်ပြသည်။

ကွန်ဆာဗေးတစ်ပါတီမှ လွှတ်တော်အမတ် ၁၀၀ ကျော်တို့သည် လစ်ဇ်ထရက်စ်ကို အယုံအကြည် မရှိကြောင်း စာလွှာကို ကွန်ဆာဗေးတစ်ပါတီ၏ ကော်မတီအကြီးအကဲ ဂရေဟမ်ဘရက်ဒီထံသို့ ပေးပို့ရန် အဆင်သင့် ဖြစ်နေ ပြီဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဒေးလီးမေးလ်သတင်းစာက ဆက်လက် ရေးသား သည်။

နိုင်ငံရေး အကျပ်အတည်း ကြုံနေရသော ဗြိတိန်သည် ၂၀၁၆ ခုနှစ်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် မဲခွဲ ဆုံးဖြတ် ပြီးနောက် ဝန်ကြီးချုပ် ၃ ဦးအထိ ရာထူးမှ အနားယူခဲ့ရသည်။

ဝန်ကြီးချုပ်အဖြစ်မှ အနားယူရန် အချိန်တန်ပြီဟု ဂရေဟမ်ဘရက်ဒီက လစ်ဇ်ထရက်စ်ကို အသိပေး တိုက်တွန်းရန် (သို့မဟုတ်) သူမအပေါ် အယုံအကြည်မရှိကြောင်း ချက်ချင်းမဲခွဲဆုံးဖြတ်နိုင်ရန် နိုင်ငံရေးပါတီများဆိုင်ရာ စည်းမျဉ်းများ ပြောင်းလဲသွားဖို့ ရှိကြောင်း ဒေးလီးမေးလ် သတင်းထဲတွင် ဖော်ပြထားသည်။

ကွန်ဆာဗေးတစ်ပါတီ၏ ကော်မတီအကြီးအကဲ ဂရေဟမ်ဘရက်ဒီကိုတွေ့ရစဉ် (AFP)

လစ်ဇ်ထရက်စ်နှင့် တချိန်တည်းတွင် ခန့်အပ်ခဲ့ရသူ အဓိပတိ ဂျယ်ရမီဟန် (Jeremy Hunt) နှင့်အတူ ယခု အောက်တိုဘာ ၃၁ ရက်နေ့ ဘတ်ဂျက်တွင် စီးပွားရေးဗျူဟာချမှတ်ရန် အခွင့်အရေး ရသင့်ရထိုက်ကြောင်း အဆိုပြုချက်ကိုတော့ ဂရေဟမ်ဘရက်ဒီက ငြင်းဆိုခဲ့ကြောင်း သိရသည်။

သီးခြားထွက်ပေါ်လာသော သတင်းတစ်ပုဒ်၌ ဗြိတိန်လွှတ်တော်အချို့သည် လစ်ဇ်ထရက်စ်ကို ခေါင်းဆောင်သစ် တစ်ဦးဦးဖြင့် အစားထိုးရန် လျှို့ဝှက်ဆွေးနွေးခဲ့ကြကြောင်း သည်တိုင်းမ် (The Times) မီဒီယာက ဖော်ပြခဲ့သည်။

အခွန်လျှော့ပေါ့ပေးမည်ဟု ကတိပြုပြီးနောက် ကွန်ဆာဗေးတစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို ပြီးခဲ့သည့်လ ၌ အနိုင်ရခဲ့သော ထရက်စ်သည် ၎င်းအစီအစဉ်ပါ အဓိကအစိတ်အပိုင်းကို ဖယ်ရှားလိုက်ပြီးနောက် ၎င်း၏ နိုင်ငံ ရေး ရှင်သန်မှုအတွက် တိုက်ပွဲဝင်နေရသည်။

အတိုက်အခံ လေဘာပါတီက ကောက်ယူခဲ့သော သဘောထားစစ်တမ်းတွင် ယခုလတ်တလော အာဏာရပါတီ အတွင်း မကျေမနပ်မှုများ ဖြစ်ပေါ်နေပြီး ထောက်ခံမှု ကျဆင်းနေကြောင်း ပြသခဲ့သည်။

Source: Reuters