CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦးသည် ဈေးဝယ်ရန် ထွက်လာစဉ် မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force က တိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံး သွားကြောင်း Lightning People Defence Force မှ ထုတ်ပြန်ထားသည်။
ညောင်ဖြူပင်ရဲကင်းစခန်းမှ ရဲတပ်ဦး ပစ်သတ်ခံရသည်ကိုတွေ့ရစဉ် (Lightning People Defence Force)
ယနေ့ (စက်တင်ဘာ ၁၂ ရက်) နံနက် ၇ နာရီခွဲလောက်က အထက်ပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲနှစ်ဦး သေဆုံးခဲ့သလို ၎င်းတို့နှင့်ပါလာသော လက်နက် ၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force မှ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၅)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။