CNI International News

တိုင်ပေ၊ ဩဂုတ် ၂၇

အမေရိကန် အထက်လွှတ်တော်အမတ် မာရှာဘလက်ဘန်းသည် ဩဂုတ် ၂၅ ရက်တွင် ထိုင်ဝမ်ကျွန်းပေါ်သို့ ရောက်လာခဲ့ပြီး တရုတ်၏ အနိုင်ကျင့်ခြင်း မခံရစေဖို့ ၎င်းကတိပြုကြောင်း ပြောကြားခဲ့သည်ဟု CNN က ဖော်ပြထားသည်။

အထက်လွှတ်တော်(ဆီးနိတ်) လက်နက်ရေးရာကော်မတီတွင် တာဝန်ယူထားသော တင်နစီပြည်နယ်၊ ရီပတ်ဘလစ်ကန် အမတ်တစ်ဦးဖြစ်သူ ဘလက်ဘန်း၏ ယခုခရီးစဉ်သည် နန်စီပလိုစီနှင့် အခြား အမေရိကန် ကိုယ်စား လှယ်များ၏ မကြာသေးမီက ထိုင်ဝမ်သို့ လာရောက်ခဲ့ကြခြင်း၏ နောက်ဆက်တွဲလည်းဖြစ်သည်။

“ထိုင်ဝမ်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ ကျမတို့ရဲ့ အခိုင်မာဆုံး မိတ်ဖက်ဖြစ်ပါတယ်။ တိုင်ပေကို အဆင့်မြင့် ကိုယ်စားလှယ်တွေ ပုံမှန် သွားရောက် လည်ပတ်တာဟာ နှစ်ပေါင်းများစွာ ကတည်းက အမေရိကန်ရဲ့ မူဝါဒ ဖြစ်ပါတယ်” ဟု ဘလက်ဘန်းက ဩဂုတ် ၂၅ ရက်တွင် ကြေညာချက်တစ်စောင်၌ ပြောကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီကို ကျမတို့ ဘယ်တော့မှ လက်ညိုးထောင်၊ ခေါင်းညိတ်လုပ်မှာ မဟုတ်ပါဘူး။ ထိုင်ဝမ်နဲ့ သူတို့ရဲ့လွတ်လပ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးတို့အတွက် ဆက်ပြီး ကျမတို့ ရပ်သွားမှာပါ။ ရှီကျင့်ဖျင်ကို ကျမတို့ မကြောက်ပါဘူး” ဟု ၎င်းက နောက်ပိုင်းတွင် တရုတ်ခေါင်းဆောင်ကို ရည်ညွှန်းပြောကြားခဲ့သည်။

ထိုင်ဝမ်ကို အမေရိကန် အထက်လွှတ်တော်အမတ် မာရှာဘလက်ဘန်း ရောက်လာစဉ်

ယခုလ အစောပိုင်းတွင် ကျွန်းပေါ်သို့ လေကြောင်းခရီးဖြင့် ဆင်းသက်ခဲ့သည့် နန်စီပလိုစီ၏ ခရီးစဉ်သည် ၂၅ နှစ် အတွင်း အမေရိကန် အဆင့်မြင့်ဆုံး ကိုယ်စားလှယ်တစ်ဦး၏ ခရီးစဉ်ဖြစ်ခဲ့ပြီး ဘေဂျင်းကို ရက်အတန်ကြာ အကြီး စား စစ်ရေးလေ့ကျင့်မှု အစပျိုးစေခဲ့သည်။
ထိုခရီးစဉ်နှင့် မရှေးမနှောင်းမှာပင် တရုတ်က ထိုင်ဝမ်ကျွန်းဘက်သို့ ဒုံးကျည်များ ပစ်ခတ်ခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးဇုန်ထဲသို့ စစ်လေယာဉ်များ အလုံးအရင်းဖြင့် ပျံသန်းထိုးဖောက်ခဲ့သည်။

ထိုင်ဝမ်ကို မည်သည့်အခါမှ မအုပ်ချုပ်ခဲ့ဖူးသည် တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ပိုင်နက် အစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောဆိုနေခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်ရေး အတွက်လည်း အင်အားသုံးခြင်း မရှိ ကြောင်း ငြင်းဆိုထားသည်။

အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ကျွန်းကာကွယ်ရေးအတွက် လက်နက်များ ပေးအပ်ရန် ဥပဒေသတ်မှတ်ထားပြီး တရုတ်၏ တိုက်ခိုက်ရေး လှုပ်ရှားမှုများတွင်လည်း စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းများ ရှိနေခဲ့သည်။

Source: CNN