CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၃

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းက တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် မြန်မာနိုင်ငံသို့ ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာကတော့ နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ် များကို အလေးပေး ဆွေးနွေးကြဖို့ ရှိကြောင်း သြဂုတ် ၂ ရက်က ပြောကြားထားသည်။

နစကနှင့်နီးစပ်သူများကတော့ ရုရှား-မြန်မာ နှစ်နိုင်ငံခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ် ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာရေး၊ ပြည်တွင်း နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားရန် ရှိကြောင်း ပြောသည်။