CNI International News

မော်စကို၊ ဇူလိုင် ၈

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်မြေပြင်တွင် ရုရှားကို အနောက်အုပ်စုနိုင်ချင်သလား စမ်းကြည့် လိုက်ပါဟု စိန်ခေါ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြခဲ့သည်။

“ဒီနေ့စစ်မြေပြင်မှာ သူတို့က ကျနော်တို့ကို အနိုင်ယူချင်တယ်လို့ကြားတယ်။ ခင်ဗျားတို့ ဘာပြောနိုင်မလဲ။ စမ်းကြည့်ကြပါစို့” ဟု ၎င်းက စိန်ခေါ်ခဲ့သည်။

ထို့နောက် ယူကရိန်းတွင် မော်စကို(ရုရှား)၏ စစ်ရေးစွက်ဖက်မှုမှာ ဝင်ရိုးဘက်စုံကမ္ဘာ (multi-polar world) ကူးပြောင်းရောက်ရှိသွားပြီဖြစ်ကြောင်း ပူတင်ကပြောသည်ဟု အယ်လ်ဂျာဇီးယားက ဆက်လက်ဖော်ပြထား သည်။

ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ်မှာ အစသာရှိသေးကြောင်း၊ မော်စကိုသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် စိတ်ကူးစိတ်သန်းကို တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပူတင်က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းသို့ ရုရှားကျူးကျော်ဝင်ရောက်ပြီး ၄ လကျော်အကြာ ဇူလိုင် ၇ တွင် လွှတ်တော်အကြီးအကဲများ ရှေ့မှောက်၌ ရန်လို၍ ရင့်သီးသောမိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာ ပူတင်က “ပဋိပက္ခကြာရှည်လာသည်နှင့်အမျှ စေ့စပ်ညှိနှိုင်းရေးတစ်ခုအတွက် အလားအလာတိုးလာမည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-ရိုက်တာ)

“အနောက်အုပ်စု ကျနော်တို့ကို ယူကရိန်းကြားခံထားပြီး တိုက်ချင်နေတာလို့ ခဏခဏ ကြားဖူးပါတယ်။ ဒါဟာ ယူကရိန်းပြည်သူတွေအေတွက် ကြေကွဲစရာဖြစ်ပေမယ့် အရာအားလုံးက အဲဒီဘက်ကိုပဲ ဦးတည်သွားနေပုံ

ရတယ်ဗျ” ဟု ပူတင်က ဆက်လက်ပြောကြားခဲ့သည်။

အနောက်အုပ်စုသည် မိမိတို့နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီး ယူကရိန်းကို ခေတ်မီလက်နက်များ ထောက်ပံ့ နေခြင်းအားဖြင့် မိမိတို့ကို ဆန့်ကျင်သည့်စစ်ပွဲ ဆင်နွှဲနေကြောင်း ရုရှားနိုင်ငံက စွပ်စွဲထားသည်။

သို့သော် ရုရှားသည် ယခုစစ်ပွဲနှင့်ပတ်သက်၍ နောက်တစ်ဆင့်‌ တက်လှမ်းနေပြီဟု ကြွားလုံးထုတ်ချိန်နှင့် တပြိုင် တည်းမှာပင် ပူတင်က စေ့စပ်ညှိနှိုင်းရေးဖြစ်နိုင်ခြေကို ရည်ညွှန်းပြောကြားလာခဲ့သည်။

“ကျနော်တို့က ဘာမှ ပြင်းပြင်းထန်ထန် မစသေးဘူးဆိုတာ လူတိုင်းသိသင့်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကို ကျနော်တို့မငြင်းပါဘူး။ ဒါပေမယ့် သူတို့(အနောက်အုပ်စု) အပေါ် ငြင်းတဲ့သူတွေ ဒီထက် ပိုများလေလေ၊ ကျနော်တို့နဲ့ ညှိဖို့ ပိုခက်လေလေ ဖြစ်လာမယ်ဆိုတာ သိထားဖို့ပါ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အခက်အခဲများ ဖန်တီးနေခြင်းမှာ ထင်ရှားကြောင်း ပူတင်က ပြောကြားခဲ့သော်လည်း “ရုရှားကို စီးပွားပျက်‌အောင် စတင်လုပ်ဆောင်တဲ့သူတွေရဲ့ တွက်ကိန်း လုံးဝမှားသွား မည်” ဟု ဒူးမားလွှတ်တော်သို့ ချပြခဲ့သည်။

Source: Aljazeera