CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂

မဲခေါင်-လန်ချန်း ညီလာခံ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံသို့ ယနေ့ (ဇူလိုင် ၂ ရက်)တွင် ရောက်ရှိလာခဲ့သည်။

မစ္စတာဝမ်ယိသည် အထူးလေယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပုဂံအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ရောက်ရှိလာခဲ့ ခြင်းဖြစ်ပြီး ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပမည့် မဲခေါင်-လန်ချန်း ညီလာခံကို တက်ရောက်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ သွားမည် ဖြစ်ကြောင်း သိရသည်။