CNI News

 ၂၀၂၂ ခုနှစ်၊ မေလ ၃၁

 ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF)အား မိမိတို့ တတ်နိုင်သော အကူအညီများကို တတ်နိုင်သရွေ့ ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ပြောသည်။ 

KNDF ဖွဲ့စည်းတည်ထောင်ခြင်း (၁)နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြထား ခြင်း ဖြစ်သည်။

 KNDF သည် ကရင်နီလူမျိုးများ၏ ထောက်ပံ့မှုကို အပြည့်အဝ ရရှိထားပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ အပါအဝင် အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ ယုံကြည်မှု၊ အားပေးမှု၊ ပံ့ပိုးကူညီမှုကို ရရှိထားကာ တစ်နှစ်တာ ကာလ အတွင်း တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် လက်နက်၊ လူအင်အားဖြင့် တည်ဆောက် နိုင်ခြင်း၊ စုဖွဲ့မှု ကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူအား ချေမှုန်းတိုက်ခိုက်နိုင်ခြင်း၊ မိတ်ဖက် အဖွဲ့အစည်းများ တည် ဆောက်နိုင်ခြင်း အပါအဝင် ထိုက်သင့်သည့် စစ်ရေး အတွေ့အကြုံ ရရှိထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ယနေ့တွင် ၁ နှစ် ပြည့်ပြီ ဖြစ်သည်။ 

ညီနောင်မဟာမိတ် အဖွဲ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ် မြောက်ရေး တပ်ဦး/ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတ‌သော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။