CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅
တရုတ်နှင့်ရုရှားတို့က မကြာသေးခင်ကမှ တရားဝင် လက်ခံတွေ့ဆုံခဲ့သည့် တာလီဘန် စစ်သွေးကြွများသည် အာဖဂန် အစိုးရ လက်ထဲ နောက်ဆုံးကျန်ရှိသည့် မြို့ကြီးများကို သိမ်းပိုက်လိုက်နိုင်ပြီးနောက် ဩဂုတ် ၁၅ ရက်၊ ယနေ့တွင် ကဘူးမြို့တော် အထိ ချီတက်နိုင်ခဲ့ပြီဖြစ်သည်။
လမ်းကြောင်းအားလုံးကို တာလီဘန်စစ်သွေးကြွများက စနစ်တကျ ဖြတ်တောက်ထားပြီး မြို့တော်ဝန်းကျင် လုံခြုံရေးကို အထူးတင်းကြပ်ထားသည်။
ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်း အာဖဂန်နစ္စတန်နိုင်ငံ၏ လက်ရှိသမ္မတ အက်ရှဖ်ဂါနီက ရာထူးမှ နုတ်ထွက်ဖို့ သဘောတူလိုက် သည့်အကြောင်း အင်ဒီပန်းဒန့်စ် သတင်းစာက ရေးသားဖော်ပြသည်။ သို့သော် ထိုသို့နုတ်ထွက်ရန် အတည်ပြုချက် မရခဲ့သော် လည်း မှတ်တမ်းတင်ထားသော မိန့်ခွန်းအရ အသွင်ပြောင်းရေးကာလ အစိုးရတစ်ရပ်ဆီသို့ ငြိမ်းချမ်းစွာ အာဏာလွှဲပေးရေး သမ္မတက ပြောခဲ့ကြောင်း သိရသည်။
ပုံ- တာလီဘန်တပ်ဖွဲ့ဝင်များမြို့တွင်းရောက်နေစဉ် ကလေးငယ်များကို တာလီဘန်တွေစီးလာသည့် ကားပေါ်မှာတွေ့ရစဉ်(AFP)
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟာလာမူဂျာဟစ်က အာဏာလွှဲပြောင်းရေး အောင်မြင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေ ဆဲဖြစ်ကြောင်း ပြောသည်။
အာဏာလွှဲပြောင်းရေးမှာ တာလီဘန်များကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ လူ့အခွင့်အရေး၊ အမျိုးသမီးများ တန်းတူညီမျှမှု ရရှိရေး၊ လွတ်လပ်စွာ ထုတ်ဖော်ဆိုခွင့်နှင့် လက်ရှိအစိုးရ၏ ဒီမိုကရေစီလုပ်ငန်းစဉ်များ ဆုံးရှုံးမှာကို စိုးရိမ်ခြင်းတို့ဖြစ်ကြောင်း သမ္မတ မိန့်ခွန်းထဲမှာ ရည်ညွှန်းထားကြောင်း အင်ဒီပန်းဒန့်စ်သတင်းစာက ဖော်ပြထားသည်။
သို့သော် ကဘူးလ်မြို့သူမြို့သားများ ဘေးကင်းလုံခြုံရေးမှာ လတ်တလော အစိုးရိမ်ရဆုံး အခြေအနေဖြစ်ပေါ်နေသည်။ ကဘူးလ်တစ်မြို့လုံး ဟိုနားသည်နားမှ ပစ်ခတ်သံများ ထွက်ပေါ်နေပြီး အထူသဖြင့် လိုဂါပြည်နယ်ဘက်မှလာသည့် လမ်းများ ပေါ်နှင့် ဆင်ခြေဖုံး ရပ်ကွက်အချို့တို့မှာ လက်နက်ကိုင် လူအုပ်စုငယ်များကို တွေ့မြင်နေရသည်။
ကဘူးလ်မြို့တော် ကောင်းကင်ယံတွင် အမေရိကန်ရဟတ်ယာဉ်များ ဝဲပျံနေသည်ကို တွေ့လိုက်ရသော်လည်း တိုက်ခိုက်ရေး တာဝန်များ ထမ်းဆောင်သည့် ရဟတ်ယာဉ်များ မဟုတ်ဘဲ အမေရိကန်သံရုံးမှ သံတမန်များကို အရေးပေါ် ရွှေ့ပြောင်းပေး နေခြင်းသာ ဖြစ်သည်။
ပုံ-ကဘူးလ်မြို့က အမေရိကန်သံရုံးဝန်ထမ်းများကို ကယ်ဆယ်ရေးလာလုပ်နေတဲ့ အမေရိကန်ရဟတ်ယာဉ်(AFP)
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဗီယက်နမ်မှ အမေရိကန်တပ်များ အရှက်ရဖွယ် ထွက်ခွာရခြင်းနှင့် ယခုမတူညီဘဲ အမေရိကန်နှင့်ဗြိတိန်တို့၏ တပ်အင်အား ၄၆၀၀ ကျော် အာဖဂန်လေဆိပ်သို့ ရောက်ရှိနေသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နောက်ထပ် အင်အား ၁၀၀၀ စေလွှတ်ရန် အမိန့်ပေးထားသော်လည်း “အာဖဂန်ပြည်တွင်း ရေးကို သူတို့အချင်းချင်းပဲ ဆက်လက် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် တတ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပြီ ဖြစ် ကြောင်း” ပြောဆိုထားသည်။
လက်ရှိ အနေအထားတွင် အာဖဂန်နစ္စတန်နိုင်ငံကို ရက်ပိုင်းအတွင်း ပို့ပေးလိုက်သည့် အမေရိကန်တပ်ဖွဲ့ဝင် အင်အားသည် ၅ သိန်းအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
Source: independent.co.uk
#အာဖဂန် #အမေရိကန် #တာလီဘန် #Taliban #Kabul #ကဘူးလ် #ကာဘူးလ် #US #helicopters #Biden #ဂျိုးဘိုင်ဒန် #Afghanistan #Afghan #CNImyanmar #cninews