CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌဟောင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ စဝ်ခွန်ထွန်းဦးသည် ယနေ့ (ဧပြီ ၃၀ ရက်)တွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မည်သည့်ကြောင့် ကွယ်လွန်သွားသည်ကိုတော့ အတိအကျမသိရသေးကြောင်း၊ ဦးနှောက်သွေးကြော ပြတ် သွားခြင်း ဖြစ်နိုင်သည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

စဝ်ခွန်ထွန်းဦးသည် ၁၉၈၈ ခုနှစ်က SNLD ကို ထူထောင်ရာမှာ ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နှစ် ပေါင်း ၃၀ တိုင်အောင် SNLD ပါတီကို ဦးဆောင်ခဲ့သူဖြစ်သလို ရှမ်းပြည်နယ် နိုင်ငံရေးအတွက်လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပေးအပ်ခဲ့သူ ဖြစ်သည်။

စဝ်ခွန်ထွန်းဦးသည် ထောင်ဒဏ် နှစ်ပေါင်း ၉၀ ကျော် ချမှတ်ခံခဲ့ရပြီးနောက် ဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် နိုင်ငံရေးနှင့် SNLD ပါတီ၏ နိုင်ငံ ရေး လမ်းကြောင်းကို ဆက်လက် ဆောင်ရွက်ခဲ့သည်။

စဝ်ခွန်ထွန်းဦး ကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများကလည်း သူတို့၏ လူမှုကွန်ရက် စာမျက်နှာများပေါ်ကနေ ဝမ်းနည်းကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။