CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ သူရဦးအောင်ကိုအား ပြစ်ဒဏ် ၁၂ နှစ် ကျခံစေရန် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က အမိန့်ချခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြစ်ဒဏ်ထက်ဝက် လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်ကို မြန်မာနိုင်ငံပြန်တမ်းမှာ တွေ့ရသည်။

ထိုထုတ်ပြန်ချက်တွင် နစကဥက္ကဋ္ဌသည် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဦးအောင်ကို(ဘ) ဦးဘဇံအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရမည့် ပြစ်ဒဏ်များ၏ ထက်ဝက်ကာလအား လွတ် ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင် ကိုအား ရာဇဝတ်ကြီးမှု အမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစု ပေါင်း အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အပါအဝင် Ford Everest Titanium မော်တော်ယာဉ် တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နှင့် ရွှေပန်းကန်ပြားတို့အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့သည်။

သူရဦးအောင်ကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ NLD အစိုးရ ဖြုတ်ချခံရပြီးနောက် ဖမ်းဆီးခံထားရသည်မှာ ယနေ့အထိ ဖြစ်သည်။

 

ဆက်စပ်သတင်း----https://cnimyanmar.com/index.php/political-2/politics-local/4935-2022-03-14-15-34-34