CNI International News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ Tadef မြို့တွင် ဆီးရီးယားစစ်ပွဲအတွင်း ပျက်စီးနေသော အဆောက်အဦများကြားမှာ ဧပြီ ၁၈ ရက်က ရမ်ဇာန်လမြတ်ကာလ လူများစုဝေး၍ မနက်စာ စားနေကြသည်။

နှစ်ပေါင်းများစွာ စစ်ပွဲကြောင့် ခွဲခွာခဲ့ရသည့် မိသားစုများ ဧပြီ ၁၈ ရက်နေ့က စုဝေး၍ သူပုန်များ ထိန်းချုပ်ထားသည့် Tadef မြို့မှာ စားသောက်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားစစ်ပွဲသည် ၂၀၁၁ ခုနှစ်က စတင်ခဲ့ပြီး ယနေ့အချိန်ထိ မတည်မငြိမ်ကာလကို ဖြတ်ကျော်နေဆဲဖြစ်သည်။

၂၀၁၁ ခုနှစ်က စတင်ခဲ့သော ဆီးရီးယားစစ်ပွဲတွင် ၂၀၂၁ ခုနှစ် ဇွန်လအထိ သေဆုံးသူပေါင်း ၄၉၄,၄၃၈ ဦးရှိကြောင်း၊ အနည်းဆုံး အရပ်သား ၁၅၉,၇၇၄ ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့များက မှတ်တမ်းတင် ပြုစုထားကြောင်း သိရသည်။