CNI International
ဒမတ်စကတ်၊ ဇူလိုင် ၂၂
ဆီးရီးယားရှိ လက်နက်ကိုင် ဘီဒူအင်လူမျိုးစုများသည် သီတင်းတစ်ပတ်ကြာ တိုက်ခိုက်မှုများနှင့် အမေရိကန်က ကြားဝင်စေ့စပ်ပေးသော အပစ်အခတ်ရပ်စဲရေးအပြီးတွင် ဒရုဇ်မျိုးနွယ်စု အများစုနေထိုင်သည့် ဆဝိုက်ဒါ (Sweida) မြို့မှ ဇူလိုင် ၂၀ ရက်တွင် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု အေပီသတင်းမှ ဖော်ပြခဲ့သည်။
ဒရုဇ်ပြည်သူ့စစ်များနှင့် ဆွန်နီမွတ်စလင် ဘီဒူအင်ကြား တိုက်ပွဲများအတွင်း လူပေါင်းရာချီ သေဆုံးခဲ့သလို နိုင်ငံ၏ ယိုယွင်းနေသော စစ်ပွဲလွန်ကာလ တည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။
အစ္စရေးက ဆဝိုက်ဒါမြို့ရှိ ဘီဒူအင်တို့ကို ကျောထောက် နောက်ခံပြုသော အစိုးရတပ်ဖွဲ့များအား ပစ်မှတ်ထားပြီး ဒါဇင်နှင့်ချီသည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ဘီဒူအင် လက်နက်ကိုင်တွေကိုတွေ့ရစဉ်
ဒရုဇ်လူမျိုးများကို မျိုးနွယ်စု တိုက်ခိုက်မှုများကြောင့် ဘီဒူအင်တို့အပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်ရာမှ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြည်နယ်အတွင်းရှိ မြို့များ၌ အပြန်အလှန် ပြန်ပေးဆွဲမှုများကြောင့် မတည်မငြိမ် ဖြစ်ရာမှာ နောက်ပိုင်းတွင် ဆဝိုက်ဒါမြို့အထိ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
အစိုးရတပ်ဖွဲ့များသည် ဇူလိုင် ၁၇ ရက်က အသစ် ပြန်လည် တိုက်ခိုက်မှုများကို ထိန်းချုပ်ရန်အတွက် ပြန်လည် တပ်ဖြန့်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်တပ်ဆုတ်ခဲ့သည်။
ယာယီသမ္မတ အာမက်အယ်ရှား(Ahmad al-Sharaa)က အပစ်အခတ်ရပ်စဲရေးကို လေးစားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
မြို့ပြင်တွင် ဒါဇင်နှင့်ချီသော ဘီဒူအင် တိုက်ခိုက်ရေးသမားများ ဆက်လက်ရှိနေပြီး ရဲတပ်ဖွဲ့နှင့် အစိုးရ လုံခြုံရေး၏ စောင့်ကြည့်မှုအောက်တွင် ရှိသည်။
တိုက်ခိုက်ရေး သမားတစ်ဦးဖြစ်သည့် ခါလစ်အယ်မိုဟာမက်(Khaled al-Mohammad)က ဒရုဇ်ဘာသာရေး ခေါင်းဆောင် ရှိတ်ဟစ်မတ်အယ်ဂျီရီ(Sheikh Hikmat al-Hijri)နှင့် ၎င်း၏ မဟာမိတ်များ အညံ့မခံမချင်း ထွက်ခွာ သွားမည် မဟုတ်ကြောင်း သတိပေးခဲ့သည်။
Source: အေပီ