CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

ရုရှား-ယူကရိန်းကြား ဖြစ်ပွားနေသည့် စစ်ပွဲ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့မှာ ယနေ့(မတ်လ ၂၉ ရက်) နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးနေကြ သည်။

တူရကီသမ္မတ အာဒိုဂန်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပြီးခဲ့သည့် ရက်ပိုင်းက ဖုန်းဆက်၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တရကီနိုင်ငံမှာ ကျင်းပရန် ဆွေးနွေးသဘောတူညီခဲ့ကြပြီးနောက် ယနေ့ ယူကရန်နှင့်ရုရှား ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးနေကြခြင်း ဖြစ်သည်။