CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့၏ စတုတ္ထအကြိမ် ဒုတိယပိုင်း ထိပ်သီး ညီလာခံကို ယနေ့ (မတ်လ ၂၉ ရက်)တွင် ကျင်းပခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တက်ရောက်ခဲ့သည်။

အဆိုပါ ထိပ်သီး ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၂၉ ရက်မှ ဧပြီလ ၂ ရက်အထိ ကျင်းပသွားမည် ဖြစ် ကြောင်း NCA-S EAO က ထုတ်ပြန်ခဲ့သည်။

ထိုထိပ်သီး ညီလာခံသို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌ နိုင်ဟံသာ၊ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ဦးဆောင် သဘာပတိများအဖြစ် တာဝန်ယူခဲ့ ကြသည်။

 

အပစ်ရပ်အဖွဲ့များ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်က ထိပ်သီး ညီလာခံ ကျင်းပနေစဉ်


အလားတူ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များဖြစ်ကြသည့် ကနေဒါနိုင်ငံသံအမတ်ကြီး Mr.Francois Lafreniere၊ ဖင်လန်နိုင်ငံ သံအမတ်ကြီး Mr. Pekka Shemeikka၊ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Hilde Solbakken အပါအဝင် သြစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong ၊ အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara ၊ ဆွစ်ဇာလန် နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Thomas Meier Nidecker၊ USAID မှ ယာယီဌာနေ ကိုယ်စားလှယ် ဖြစ်သူ Ms. Pamela Fessenden တို့လည်း တက်ရောက်ခဲ့ကြသည်။