CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၁
ဖေဖော်ဝါရီလ၌ ဒေါ်အောင်ဆန်းစုကြည် ဉီးဆောင်သည့် အစိုးရကို ဖြုတ်ချပြီး အာဏာရယူခဲ့သူ မြန်မာ့တပ်မတော် ခေါင်း ဆောင်သည် အာဏာချုပ်ကိုင်ထားရန် ခိုင်မာသည့် သန္နိဋ္ဌာန် ချမှတ်ထားပုံပေါ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန်က ဩဂုတ်လ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းကို ကိုးကား၍ Channel News Asia က ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာက တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုလ ကြေညာချက်ကို ကိုးကား၍ ယင်းကဲ့သို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကြေညာချက်တွင် ၎င်းသည် ယခုအသစ်ဖွဲ့လိုက်သော အိမ်စောင့်အစိုးရအဖွဲ့စာရင်း၌ ဝန်ကြီး ချုပ် ဖြစ်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ရရှိထားသော ရွေးကောက်ပွဲရလဒ်များကို တရားဝင် ပယ် ဖျက်ကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“NLD ပါတီ ဖျက်သိမ်းခံရတာ ကျမတို့ မကြာခင်ကြားရမှာကို စိုးရိမ်မိပါတယ်။ ဒါက နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှု မရှိတဲ့အပေါ် တရားဝင်မြှင့်တင်ဖို့ ကြိုးစားလာတာ တစ်ခုပါ” ဟု ရှရနာ ဘာဂနာက ပြောသည်။
“အစိုးရကို ကုလသမဂ္ဂက အသိအမှတ်မပြုဘူးဆိုတာ ရှင်းရှင်းလင်းလင်း ကျမတို့ ချပြရမယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေပဲ ဆိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
၎င်းသည် စစ်အစိုးရမဟုတ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာလွှဲ ပြောင်း၍ ပေါ်ပေါက်လာသော အစိုးရဖြစ် ကြောင်း ပြောဆိုထားသည့် နစကသည် ၁၉၉၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာစစ်တပ်တွင် တာဝန်ထမ်းခဲ့ဖူးသူ ဦးအောင်သူရိန်ကို ကုလသမဂ္ဂသံအမတ်အဖြစ် ခန့်အပ်ကြောင်း အဆိုပြုထားသည်။
နစက၏ အဆိုပြုချက်အပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လိုက်နာခြင်းမရှိပါက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တပ်မတော်၏ပြိုင်ဘက်ဖြစ်နေသူ ဦးကျော်မိုးထွန်း သာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့၏ တရားဝင် သံတမန် အဖြစ် ဆက်လက် ရှိနေမှာသလို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်သည်လည်း နိုင်ငံ့ခေါင်းဆောင်များအဖြစ် တရားဝင် နေဦးမည်ဖြစ်ကြောင်း ရှရနာဘာဂနာက ဆိုသည်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ကိုယ်စားလှယ် ၁၉၃ ဦးပါသည့် အထွေထွေညီလာခံ၏ နှစ်စဉ် အစည်းအဝေးကို စက်တင်ဘာလတွင် စတင်ကျင်းပလေ့ရှိပြီး အဖွဲ့ဝင် ၉ ဦးပါ အထောက်အထားများ ဆိုင်ရာကော်မတီက ခန့်အပ်လိုမှုများကို ကနဦး လက်ခံ စဉ်းစားပေးရသည်။
“ဒါဟာ အထမမြောက်သေးတဲ့ အာဏာသိမ်းမှု တစ်ခုဖြစ်တယ်လို့ ကျမတို့ ယုံကြည်နေတုန်းပဲ။ တရားမဝင် လုပ်ရပ်တစ်ခုပဲ ဖြစ်ပြီး ကျမတို့က တရားဝင် အစိုးရအနေနဲ့ NLD ကို လက်ခံနေဆဲပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က ထပ်လောင်းပြောကြားသည်။
ကုလသမဂ္ဂသည် ယခင်ကပင် ကိုယ်စားပြု ယှဉ်ပြိုင်တောင်းဆိုမှုကို ဖြေရှင်းခဲ့သည့် အလေ့အထရှိခဲ့ပြီး အချို့အမှုများကို အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်၍ ဆုံးဖြတ်ခဲ့ဖူးလေ့ရှိသည်။ အထောက်အထားများဆိုင်ရာကော်မတီက ဆုံးဖြတ်ချက် တစ်ခုကို ရွှေ့ဆိုင်းပေးနိုင်ပြီး နေရာလွတ်ချန်ထားလေ့ မရှိပေ။
Source: Reuters
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #တပ်မတော် #NLD #မြန်မာ #ဒေါ်အောင်ဆန်းစုကြည် #CNImyanmar #cninews #ChannelNewsIndependent