CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၁

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်တို့ ယနေ့ (မတ်လ ၂၁ ရက်)တွေ့ဆုံ၍ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခု ခရီးစဉ် သည် ပထမဆုံး ခြေလှမ်းဖြစ်၍ တွေ့ဆုံ ဆွေးနွေးမှုများမှတဆင့် တိုးတက်မှုများ ရရှိစေရေး စသည့် အခြေအနေများကို လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။