CNI International News

ဆိုးလ်၊ မတ်လ ၈

တောင်ကိုရီးယားနိုင်ငံတွင် ပုံမှန်အတိုင်း ကျင်းပနေကျ ရွေးကောက်ပွဲရာသီသည် ယခုနှစ် မတ်လ ၇ ရက်တွင်တော့ ခါးသီးစွာ ကျင်းပခဲ့ရပြီး သန်းနှင့်ချီသော မဲဆန္ဒရှင် အသီးသီးတို့က ၎င်းတို့အတွက် နောက်ထပ် သမ္မတအသစ်ကို ရွေးချယ်ပေးကြခြင်း ဖြင့် အပြီးသတ်ခဲ့သည်။

ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိသူသည် လာမည့် မေလတွင် ကျမ်းသစ္စာ ကျိန်ဆိုရမည်ဖြစ်ပြီး သမ္မတရာထူး ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။

၎င်းသည် တောင်ကိုရီးယား၏ နိုင်ငံ့ခေါင်းဆောင် တစ်ဦးအဖြစ် စီးပွားရေး ဟန်ချက် မညီမှု၊ ကြွေးမြီများ တိုးလာမှုနှင့် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုတို့နှင့်အတူ အရေးကြီးသော စိန်ခေါ်မှု များကို ရင်ဆိုင်လျက် ကိုင်တွယ်ဖြေရှင်းရတော့မည် ဖြစ်သည်။
ရွေးကောက်ပွဲမတိုင်ခင်က အဓိကယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ် နှစ်ဦးတို့အကြောင်းကို အေပီသတင်းဌာနက အောက်ပါ အတိုင်း မိတ်ဆက်ဖော်ပြထားသည်။

လီဂျေးမြောင် (Lee Jae-Myung)
************************
လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီ မျှော်လင့်ချက်မှာ ပေါ်ထွက်လာမည့် သမ္မတတစ်ဦးအတွက် ကမ္ဘာလုံးဆိုင်ရာ အခြေခံ ဝင်ငွေနှင့် ပြိုင်ဘက်ဖြစ်သည့် မြောက်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံနိုင်မှုကို ကတိပေးနိုင်ရမည် စသည့် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ ဖြစ်သည်။

လီဂျေးမြောင်ကို ထောက်ခံသူများသည် ၎င်း၏ ပြောင်မြောက်သော ဟန်ပန်ကို နှစ်သက်ကြပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ အဂတိလိုက်စားခြင်းကို အမြစ်ပြတ်ချေမှုန်းကာ ဟန်ချက်မညီသော စီးပွားရေး ကိုင်တွယ်နိုင်မှု၊ ယိုယွင်းနေသော အလုပ် အကိုင် ဖန်တီးပေးနိုင်မှုနှင့် အိမ်ခြံမြေဈေးကြီးမြင့်နေမှု စသည်တို့ကို ထိန်းချုပ်နိုင်မှုတို့အတွက် သူရဲကောင်းအဖြစ် ရှုမြင်နေ ကြသည်။

လီဂျေးမြောင်ကိုတွေ့ရစဉ်(AP)

အသက် ၅၇ နှစ်အရွယ်ရှိ လီဂျေးမြောင်သည် သဘောထား ကွဲလွဲမှုနှင့် ကွန်ဆာပြိုင်ဘက်များအပေါ် မှီခိုအားထားနေရသဖြင့် နိုင်ငံရေးအရ ဘေးမကင်းသော လူကြိုက်များသူအဖြစ် ဝေဖန်သုံးသပ်သူတချို့ကတော့ ရှုမြင်ကြသည်။

နိုင်ငံခြားမူဝါဒတွင် လီဂျေးမြောင်က မြောက်ကိုးယားအပေါ် ယခင်သမ္မတဟောင်း မွန်းဂျေအင်း လက်ထက်က ကျေအေးပေး ရေး ချဉ်းကပ်မှုကို ဆက်လက် လုပ်ဆောင်ရန် ရွေးကောက်ပွဲ ကတိပေးခဲ့သည်။

ယွန်ဆော့ရွဲ (Yoon Suk Yeol)
**********************
အသက် ၆၁ နှစ်ရှိ ယွန်ဆော့ရွဲသည် ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အုပ်ချုပ်မှုကို ပြန်လည်ဆုတ်ကိုင်လိုသော အစိုးရအဆင့်မြင့် ရှေ့နေဟောင်းတစ်ဦး ဖြစ်သည်။

မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို ချေမှုန်းရန်အတွက် အမေရိကန်၏ကတိများ ပိုခိုင်မာစေမည်ဟု သန္နိဋ္ဌာန် ချထားသူဖြစ်ပြီး တရုတ်အပေါ်လည်း မတိမ်းမစောင်းသော ရပ်တည်ချက်ထားဖို့ ချပြခြင်းဖြင့် ရွေးကောက်ပွဲအကြိုကာလတွင် မဲဆွယ်ခဲ့သည်။

ယွန်ဆော့ရွဲကိုတွေ့ရစဉ်(AP)

၎င်းသည် ပါတီနိုင်ငံရေး အတွေ့အကြုံ မရှိသေးသော်လည်း သမ္မတဟောင်း မွန်းဂျေအင်း လက်ထက် ထင်ရှားသည့် အစိုးရ ရှေ့နေချုပ် ဖြစ်ခဲ့ဖူးသည့်အပြင် အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များကိုလည်း ဦးဆောင်ခဲ့သည်။

သို့သော် မွန်းဂျေအင်း၏ မဟာမိတ်များအပေါ် စုံစမ်းစစ်ဆေးခြင်းကြောင့် ပဋိက္ခဖြစ်ခဲ့ရာ ၂၀၂၁ ခုနှစ်တွင် ရာထူးမှ နုတ်ထွက် ခဲ့ပြီး ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီဝင်အဖြစ် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သည်။

Source: AP