CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၈

အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါသော အင်အားစု တစ်ရပ်ဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ (မတ်လ ၈ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေ စီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ် ဖြစ်ကြပါတယ်။ ဒီလို အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေကို ရာသီဥတု ပြောင်းလဲ မှုနဲ့ လိုက်လျောညီထွေဖြစ်စေရေးနဲ့ လျော့ပါးသက်သာစေရေး လုပ်ငန်းအပါအဝင် ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ မိန်းကလေး ငယ်တို့ရဲ့ စွမ်းရည်ကို ထိထိရောက်ရောက် အသုံးချပေးဖို့နဲ့ ထိုသို့ အသုံးချနိုင်ဖို့အတွက်လည်း အမျိုးသမီးများနဲ့ မိန်းကလေး ငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးပါ”ဟု ပြောသည်။

မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး  ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီးတစ်ခုလုံး သာယာဝ ပြော ရေး နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ပေးသည့် အကြောင်းတရားတို့ကို ရရှိဖို့အတွက် နယ်ပယ်အားလုံးမှာ အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများ၏ပါဝင်မှုကို တိုးမြှင့်နိုင်သလောက် တိုးမြှင့်ပေးဖို့လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်ဟု ၎င်းက ပြော သည်။

အဆိုပါ ပြဋ္ဌာန်းချက်များကို အလေးအနက်ထားသည့်အနေနှင့် မိမိတို့ နိုင်ငံအနေနှင့်လည်း အမျိုးသမီးကဏ္ဍကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များမှာသာမက နိုင်ငံရေးနှင့် အုပ်ချုပ်ရေး နယ်ပယ်များ အထိ အမျိုးသားများနှင့်ရင်ပေါင်တန်းကာ ပါဝင်ခွင့်ရရှိရေးကို အလေးအနက်ထား လုပ်ဆောင်လျက်ရှိသည်ကိုလည်း တွေ့မြင်ရမှာဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။