CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၂

အနုပညာရှင် လူမင်း၊ ပြေတီဦးနှင့်ဇနီး အိန္ဒြကျော်ဇင်တို့ အပါအဝင် အနှပညာရှင် ၆ ဦးကို နစက-က ယနေ့ (မတ်လ ၂ ရက်)လွှတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း နစကဘက်က အတည်ပြုပြောကြားသည်။

အဆိုပါ ပြန်လွှတ်ပေးမည့် သူများမှာ လူမင်း၊ ပြေတီဦး၊ အိန္ဒြကျော်ဇင်၊ ဒါရိုက်တာဝိုင်း၊ ပိုင်တံခွန်၊ ဝင်းမင်းသန်း တို့ဖြစ် ကြသည်။

ထိုသူများထဲမှ လူမင်း၊ပြေတီဦး၊ အိန္ဒြကျော်ဇင်၊ ပိုင်တံခွန်၊ ဝင်းမင်းသန်းတို့ကို ပြီးခဲ့သည့်လများက ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ထားသည်။ ဒါရိုက်တာဝိုင်းကမူ ပြီးခဲ့သည့်လကမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။