CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၇

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးကို သတ်ဖြတ်ရန် (သို့မဟုတ်) ထိခိုက်ဒဏ်ရာရစေရန် ထိုင်းလက်နက်ကုန်သည်တစ်ဦးနှင့် ပူးပေါင်းကြံစည်မှုဖြင့် အမေရိကန်နိုင်ငံ၊ နယူးယောက်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဖေဖော်ဝါရီလ၌ စစ်တပ်က ဖြုတ်ချခဲ့သော မြန်မာရွေးကောက်ခံအရပ်သားအစိုးရကို ကိုယ်စားပြုသည့် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုက်တာသတင်းဌာနကို ဩဂုတ် ၄ ရက်၌ ပြောကြားရာတွင် “မိမိအပေါ် ခြိမ်းခြောက်မှုတစ်ခုရှိနေပြီးနောက် အမေရိကန်အာဏာပိုင်များက မိမိလုံခြုံရေးကို တိုးမြှင့်ပေးခဲ့ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဖြိုးဟိန်းထွဋ်နှင့် အသက် ၂၀ အရွယ်ရှိ ရဲဟိန်းဇော်တို့နှစ်ဦးကို ပြည်ပမှ အရာရှိ တစ်ဦးအပေါ် အကြမ်းဖက်ရန် ကြံစည်မှုဖြင့် စွဲချက် တင် လိုက်ပြီဖြစ်ကြောင်း နယူးယောက်တောင်ပိုင်းခရိုင်ရှိ အမေရိကန်ရှေ့နေရုံးက ဩဂုတ် ၇ ရက်၊ ယနေ့၌ ပြောကြားခဲ့ကြောင်း၊ ယင်းအမှုသည် အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ရိုက်တာသတင်းဌာနက ဆက်လက်ရေးသားထားသည်။

အဆိုပါစွဲချက်တင်ခြင်းနှင့်ပတ်သက်၍ မြန်မာသံအမတ်ကြီးက လတ်တလော သဘောထားမှတ်ချက်ပေးခြင်း မရှိသေးပါ။ မြန်မာစစ်တပ်က ဖေဖော်ဝါရီလတွင် ၎င်းသံအမတ်ကြီးကို ထုတ်ပယ်ခဲ့သော်လည်း ကုလသမဂ္ဂကို စစ်တပ်၏ ထုတ်ပယ်မှုကို အသိအမှတ်မပြုသောကြောင့် ယခုအချိန်အထိ သံအမတ်ကြီးသည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ဥပဒေအရ တိုင်ကြားချက်ရေးဖွင့်ရာတွင် ‘ထိုင်းနိုင်ငံမှ လက်နက်ကုန်သည်တစ်ဦးကို ဖြိုးဟိန်းထွဋ်က အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး သံအမတ်ကြီးအပေါ် ထိခိုက်စေရန် တိုက်ခိုက်ရေးသမားများငှားရမ်းရေး ငွေကြေးကမ်းလှမ်းခဲ့ကြောင်း’ ဖြိုးဟိန်းထွဋ်က အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်း (FBI) သို့ ထွက်ဆိုခဲ့သည်။
အကယ်၍ သံအမတ်ကြီးရာထူးမှ မဆင်းပေးပါက ထိုင်းလက်နက်ကုန်သည်က တိုက်ခိုက်ရေးသမားများ စေလွှတ်၍ သံအမတ်ကြီးကို သတ်ဖြတ်ခိုင်းမည်ဖြစ် ကြောင်း တိုင်ချက်ရေးဖွင့်ထားသည်။ ယင်းနောက် ဖြိုးဟိန်းထွဋ်နှင့် လက်နက်ကုန်သည်တို့သည် သံအမတ်ကြီး စီးနင်းလေ့ရှိသည့်မော်တော်ယာဉ်ကို အနှောင့် အယှက်ဖြစ်စေရန် အစီအစဉ်တစ်ခုကို သဘောတူခဲ့ကြသည်။

ရဲဟိန်းဇော်သည် ဖြိုးဟိန်းထွဋ်ကို ဆက်သွယ်ခဲ့ပြီး ဇူလိုင်လနှောင်းပိုင်းတွင် စုစုပေါင်း ဒေါ်လာ ၄၀၀၀ လွှဲပြောင်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း အဆိုပါတိုင်ချက်တွင် ရေးဖွင့်ထားသည်။ အကယ်၍ တိုက်ခိုက်မှုပြီးခဲ့ပါက နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်မံပေးအပ်မည်ဖြစ်ကြောင်း ဖြိုးဟိန်းထွဋ်က FBI ကို ထွက်ဆိုသည်။

“ဖြိုးဟိန်းထွဋ်က သံအမတ်ကြီးကို သတ်ဖြတ်ရန် (သို့မဟုတ်) ဒဏ်ရာရစေရန် တိုက်ခိုက်ရေးသမားတစ်ဦး ငှားရမ်းရေးအစီအစဉ်ကို ဖြိုးဟိန်းထွဋ်က မိမိအား ပြောပြကြောင်း” မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂမစ်ရှင်အဖွဲ့မှ စေတနာ့ဝန်ထမ်းလုံခြုံရေးဝန်ထမ်းတစ်ဦးက FBI သို့ ထွက်ဆိုခဲ့သည်။

ရဲဟိန်းဇော်က ၎င်းငွေကြေးများကို ဖြိုးဟိန်းထွဋ်ထံ လွှဲပြောင်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းသည် ထိုင်းလက်နက် ကုန်သည်ကိုယ်စား အခြားသူများထံသို့လည်း ပုံမှန်ငွေပို့လေ့ရှိကြောင်း၊ ယင်းလက်နက်ကုန်သည်၏ တောင်းဆိုချက်အရ အခြားသူနှစ်ဦးကို မကြာသေးမီကမှ အမေရိကန်သို့သွားရန် ကြိုတင်မှာကြားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ “ဒီတရားခံတွေဟာ နယ်စပ်နဲ့သမုဒ္ဒရာဖြတ်ကျော်ပြီး အမေရိကန်မြေပေါ်မှာ နိုင်ငံတကာခေါင်းဆောင်တစ်ဦးကို အကြမ်းဖက်ဖို့ ကြံစည်တယ်” ဟု နယူးယောက်ရဲဌာန ကော်မရှင်နာမင်းကြီး ဒါးမော့ရှီး (Dermot Shea) က ကြေညာချက်တစ်ချက်တစ်စောင်တွင် ပြောကြားထားသည်ဟု ရိုက်တာက ရေးသားဖော်ပြထားသည်။

 

Source: Reuters

#ဦးကျော်မိုးထွန်း

#မြန်မာသံအမတ်ကြီး

#ကုလသမဂ္ဂ

#US

#အမေရိကန်

#နယူးယောက်

#Myanmar

#လုပ်ကြံ

#CNINews

#CNIMyanmar

#ChannelNewsIndependent