CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ အစမ်းခန့်ကာလ ၄ လ ပြည့်သွားပြီးဖြစ်၍ နစကဥက္ကဋ္ဌမှ လမ်းညွှန်ချက်သဘော ထားပေးရန် နိုင်ငံရေးအစုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းတို့က စာပို့ခဲ့ကြောင်း သိရသည်။

 

အဆိုပါ နိုင်ငံရေးပါတီ အစုအဖွဲ့ UPDJC ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် အစမ်းခန့်ကာလ သက်တမ်းပြည့်မည်ဖြစ်သည်။

ထိုနိုင်ငံရေးပါတီ အစုအဖွဲ့ကို မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ၉၀ ကျော်အနက် ပါတီ ၅၀ ကျော် အစည်းအဝေးလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။