CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)နှင့် နာဂဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ညှိနှိုင်းဆွေးနွေးရေးကော်မတီ(NPSNC)တို့ ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်များက တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

NSCN-K/AM အဖွဲ့ဘက်က ဥက္ကဋ္ဌ ဦးအန်းမိုင်၊ အထွေထွေအတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပြီး NPSNC ဘက်က တော့ ဦးချစ်ယောင်း ဦးဆောင် တက်ရောက်ခဲ့သည်။

NSCN-K/AM အဖွဲ့နဲ့ NPSNC တွေ့ဆုံ ဆွေးနွေးကြစဉ်

ထိုသို့ တွေ့ဆုံမှုတွင် NSCN-K/AM အဖွဲ့က  မြန်မာနိုင်ငံရှိ နာဂလူမျိုးများ၏ အကျိုးစီးပွားများနှင့် မျှော်မှန်းချက် များကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်အတူ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ဆောင်ရွက်ရေးသည် မိမိတို့၏ အမြင့်ဆုံး ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက် တည်ရှိနေမည်ဟု အာမခံကြောင်း ပြောကြားခဲ့သည်။

နာဂဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ညှိနှိုင်းဆွေးနွေးရေးကော်မတီ(NPSNC)သည် ကိုယ်စားလှယ် ၆ ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ NNC၊ ENDA အပါအဝင် နာဂလက်နက်ကိုင် ၆ ဖွဲ့အား တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းလျက်ရှိသည်။