CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁

မြန်မာနိုင်ငံ၏အစိုးရသစ် လက်ထက် ပထမဆုံး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပခဲ့သည်။

အဆိုပါ ကာ/လုံ အစည်းအဝေးကို သမ္မတ ဦးမင်းအောင်လှိုင်၊ ဒုတိယ သမ္မတများဖြစ်သည့် ဦးညိုစော၊ ဒေါ်နန်းနီနီ အေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ နယ်စပ်‌ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းရေးကိစ္စများ၊ စီးပွားရေးကိစ္စများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် မြန်မာ့တပ်မတော်နှင့် အုပ်ချုပ်ရေးမှူးများ အဂတိတရား ကင်းရှင်းရေးကိစ္စများ၊ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ လောင်စာဆီ အကျပ်အတည်းကိစ္စများ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။