CNI International News

ဝါရှင်တန် ဇန်နဝါရီ ၁၂

အမေရိကန်ရွေးကောက်ပွဲဥပဒေများ ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေချိန်တွင် ဆီးနိတ်(အထက်လွှတ်တော်) ၏ စည်းမျဉ်းများကို သမိုင်းဝင်အပြောင်းအလဲတစ်ခု ပြုလုပ်ရန် သမ္မတဂျိုးဘိုင်ဒန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက သတင်းဖော်ပြသည်။

ရီပက်ဘလစ်ကန်အမတ်များ၏ ထောက်ခံမှုမပါဘဲ ၎င်း၏ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးများ အောင်မြင် နိုင်စေမယ့် အစီအစဉ်တွေကို အားထုတ်ပံ့ပိုးသွားမှာဖြစ်ကြောင်း ဘိုင်ဒန်က ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဘိုင်ဒန်ပါတီရှိ ဆီးနိတ်အမတ်နှစ်ဦး၏ လွဲမှားသောအကြံအစည်များသည် ဘိုင်ဒန်၏အစီအစဉ်များကို အနှောင့် အယှက်ဖြစ်စေပြီး ထိုဆီးနိတ်နှစ်ဦးကိုလည်း ရီပတ်ဘလစ်ကန်များက ထောက်ခံခြင်းမရှိပေ။

လတ်တလောအနေအထားတွင် ဆီးနိတ်လွှတ်တော်၌ ဥပဒေအများစုကို အတည်ပြုရန် ၆၀ ရာခိုင်နှုန်း အင်အား ကောင်းရန် လိုအပ်နေသည်။

အမေရိကန်ကွန်ဂရက်(လွှတ်တော်)တွင် ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် ပါတီနှစ်ခုအကြား ရာခိုင်နှုန်း အားဖြင့် ၅၀-၅၀ ကွဲပြားသွား၍ ဘိုင်ဒန်၏ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူကြမ်းများမှာ စည်းမျဉ်းအပြောင်းအလဲ မရှိလျှင် အတည်ပြုနိုင်ရန် သေချာလုနီးပါး ရှိနေသည်။

ဆီးနိတ်ရှိ ဒီမိုကရက်တစ်အမတ်တိုင်း၏ ထောက်ခံမှုအပြင် ဒုတိယသမ္မတဖြစ်သူ၏ ပြတ်သားစွာ မဲပေးမှုလည်း လိုအပ်ချက်ရှိ၍ ယင်းကဲ့သို့ စည်းမျဉ်းအပြောင်းအလဲ ဖြစ်နိုင်ခြေမရှိကြောင်း နိုင်ငံ‌ရေးလေ့လာသုံးသပ်သူများက ထင်ကြေးပေးကြသည်။

Photo - AP

အဆိုပါ ဥပဒေကြမ်းများဖြစ်သည့် လွတ်လပ်စွာမဲပေးခွင့်အက်ဥပဒေနှင့် ဂျွန်လူးဝစ်မဲပေးခွင့်ဆိုင်ရာ တိုးတက် စေရေးအက်ဥပဒေတို့ကို ယမန်နှစ်က အောက်လွှတ်တော်အမတ်များ အတည်ပြုပေးခဲ့ပြီးဖြစ်သည်။

ထိုဥပဒေကြမ်းများသည် လက်ရှိကျင့်သုံးနေသော ပြည်နယ်အလိုက် စည်းမျဉ်းများကို ဆန့်ကျင်လျက် တနိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းများကို စတင်မိတ်ဆက်ပေးမည်ဟု သိရသည်။

တစ်ချိန်တည်းတွင် ဂျွန်လူးဝစ်အက်ဥပဒေကတော့ ပြည်နယ်အချို့၌ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများ ပြောင်းလဲပြင်ဆင်ရန်အတွက် အစိုးရ၏ခွင့်ပြုချက် လိုမည်ဖြစ်သည်။

“ကျနော်တို့ ဒီမိုကရေစီကို ကာကွယ်ဖို့ရာ ဆီးနိတ်စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲဖို့ လိုသလို လူနည်းစု လွှတ်တော်အမတ်တွေရဲ့ မဲပေးခွင့်တွေကို ပိတ်ပင်တားဆီးထားတဲ့ ဆီးနိတ်စည်းမျဉ်းတွေ အပြောင်းအလဲ လုပ်တဲ့အပေါ် ထောက်ခံပါတယ်” ဟု သမ္မတဘိုင်ဒန်က ဂျော်ဂျီယာပြည်နယ်သို့ ဇန်နဝါရီ ၁၁ ရက်၌ ရောက်ရှိစဉ် မိန့်ခွန်းပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ နှစ်လလောက်က အဲဒီလူနည်းစု ကွန်ဂရက်(လွှတ်တော်)အမတ်တွေနဲ့ ကျနော်နဲ့ စကားစမြည် ပြော ဖြစ်ကြတယ်။ သူတို့က နှုတ်ဆိတ်နေရတာကို ငြီးငွေ့နေကြတယ်” ဟု မိန့်ခွန်းပြောသည့်စင်ကို လက်ဖြင့် ပုတ်လိုက်ရင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဥပဒေပြုရေးကို ကျော်လွှားနိုင်ရန် တွန်းအားပေးမှုသည် အမေရိကန်၏အသက်ဝိညာဉ်အတွက် တိုက်ပွဲတစ်ခု ဖြစ်ကြောင်း ဘိုင်ဒန်က မှတ်ချက်ချခဲ့ပြီး ၆၀ ရာခိုင်နှုန်းမဲပေးသည့်စည်းမျဉ်းသည် အထက်လွှတ်တော်အတွက် ယခင်က အကျိုးစီးပွားဆိုင်ရာအကာအကွယ်ပင်ဖြစ်ကြောင်း ထောက်ပြသွားခဲ့သည်။

Source: BBC