ပေါ့အော်ပရင့်စ်၊ ဇန်နဝါရီ ၄

ကာရစ်ဘီယံ ပင်လယ်အတွင်းတည်ရှိသည့် ဟေတီနိုင်ငံ၏ လွတ်လပ်ရေးအထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ ၁ ရက်က ကျင်းပနေစဉ် ဝန်ကြီးချုပ် အေရီယယ်ဟင်နရီကို သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း မအောင် မြင်ဘဲ ဘေးမသီရန်မခရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ချက်ကို ကိုးကားလျက် ရိုက်တာက သတင်းရေးသား ထား သည်။

၁၂၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဟေတီနိုင်ငံမြောက်ပိုင်း၊ ဂိုနီဘတ်စ်မြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွင် ကျင်းပနေစဉ် ဓားပြများနှင့်အကြမ်းဖက်သမားတစ်စုက ဝန်ကြီးချုပ်ကို ပစ်သတ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ချုပ်ရုံးက ဇန်နဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လူမှုကွန်ရက် မီဒီယာများတွင် တက်လာသည့် ဗီဒီယိုဖိုင်၌ ဝန်ကြီးချုပ် အေရီယယ်ဟင်နရီနှင့် အဖွဲ့သည် ဂိုနီဘတ်စ် ဘုရား ကျောင်း အပြင်ဘက်၌ သေနတ်သမားများက စတင်ပစ်ခတ်နေစဉ် ၎င်းတို့ယာဉ်အသီးသီးဆီသို့ အပြေးအလွှား တိမ်းရှောင် နေပုံ မြင်ကွင်းများကို တွေ့ရှိရသည်။

အဆိုပါပစ်ခတ်မှုတွင် အုပ်စုဖွဲ့ ပါဝင်ပတ်သက်နိုင်ကြောင်း ဟေတီအစိုးရပိုင်မီဒီယာက ကောက်ချက်ချထားပြီး လူတစ်ဦး သေဆုံးခဲ့ကာ နောက်ထပ် ဒဏ်ရာရသူ နှစ်ဦးရှိကြောင်း သတင်းဖော်ပြသည်။

ပုံ-လုပ်ကြံခံရလို့ သေဆုံးသွားခဲ့သော ဟေတီသမ္မတ ယိုဗယ်နယ်မိုအိဇ်။(Reuters)

ယမန်နှစ် ဇူလိုင်လ၌ ဟေတီသမ္မတ ယိုဗယ်နယ်မိုအိဇ် (Jovenel Moise) လုပ်ကြံခံရပြီးကတည်းက ဟေတီနိုင်ငံ၏ အစိတ် အပိုင်းများအလိုက် ဒုစရိုက်ဂိုဏ်းဖွဲ့၍ တင်းမာမှုများ တိုးပွားလာခဲ့သည်။

ဇန်နဝါရီ ၁ ရက် တိုက်ခိုက်ခံရမှုသည် လက်နက်ကိုင်အဖွဲ့များ၏ ကြံစည်ခြင်းဟုသာ ရဲများက လတ်တလော ပြောနိုင်ပြီး အသေအပျောက် စာရင်းကိုလည်း ချက်ချင်း အတည်ပြုနိုင်ခြင်းမရှိပေ။ အခင်းမဖြစ်ပွားမီက ဒေသတွင်း ဂိုဏ်းခေါင်းဆောင် တစ်ဦးက ဟင်နရီအပေါ် ဒေသတွင်း မီဒီယာများမှနေ၍ ခြိမ်းခြောက်မှုများ ရှိနေခဲ့သည်။

ဝန်ကြီးချုပ် ဟင်နရီ၏ ယာဉ်တန်းကို ပစ်ခတ်ခဲ့သည့် သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ဝန်ကြီးချုပ်ရုံး ထုတ် ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယိုဗယ်နယ်မိုအိဇ် လုပ်ကြံသတ်ဖြတ်ခံရပြီးကတည်းက ဟေတီအစိုးရတာဝန်ရှိသူများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာများ ဖြစ်ပေါ်လာခဲ့သည်။

ယမန်နှစ်က သမ္မတ မိုအိဇ်ကို ကြေးစားသေနတ်သမားများ လက်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ၎င်း၏ သမ္မတ ရာထူးကို ဆက်ခံရမည့်သူကို တိတိကျကျ မရွေးချယ်ရသေးပေ။ အစိုးရတစ်ရပ်၏ တရားဝင်မှု (legitimacy) အပေါ် စိန်ခေါ်မှု များ ရင်ဆိုင်နေရသော ဟင်နရီသည် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်မှာ ရက်သတ္တနှစ်ပတ်သာ ပူပူ နွေးနွေး ရှိသေးသည်။

Source: Reuters