CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲစောင့်ကြည့်ရန်အတွက် ရုရှား၊ တရုတ်၊ အိန္ဒိယတို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်၌ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပ မည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲကို စောင့်ကြည့်ရန်အတွက် ရုရှားနိုင်ငံမှ Deputy Chairman(State Duma)ဖြစ်သူ Mr. Kara-ool Sholban၊ တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း၊ အိန္ဒိယနိုင်ငံမှ Former Army Commander Mr.Sahni Arun Kumar၊ ကာဇက်စတန်နိုင်ငံမှ Deputy Chairman of the Commission Mr. Yerman Mukhtar၊ ကမ္ဘောဒီးယားနိုင်ငံမှ NEC Member ဖြစ်သူ H.E.Mr. YICH Samethy၊ ဗီယက်နမ်နိုင်ငံမှ Mr. Nguyen Duc Thinh တို့ ဦးဆောင်သည့် အဖွဲ့များ ရောက်ရှိလာခဲ့ကြသည်။
