ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂
အမေရိကန်တို့ မောင်းသူမဲ့လေယာဉ် (ဒရုန်း)ဖြင့် ပစ်မှတ်ထား သတ်ဖြတ်ခဲ့သော ဩဇာကြီးမားသည့် အီရန် ဗိုလ်ချုပ်ကြီး တစ်ဦးနှင့် ထိပ်တန်း အီရတ်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေဆုံးမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၃၁ ရက်က လူပေါင်းရာနှင့်ချီ၍ အီရတ်နိုင်ငံ၊ မြို့တော်ဘဂ္ဂဒက်တွင် အမေရိကန်ဆန့်ကျင်ရေးကြွေးကြော်သံများ အော်ဟစ်ရင်း စုဝေးခဲ့ကြကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ဘဂ္ဂဒက်မြို့လေဆိပ်၌ အီရန်ဗိုလ်ချုပ်ကြီး လေကြောင်းမှ လုပ်ကြံခံရခြင်း ဆန္ဒပြပွဲအတွင်း အဆိုပါလူအုပ်ကြီးက အီရတ်မြေ ပေါ် ကျန်ရှိနေသေးသည့် အမေရိကန်တပ်များကို နှင်ထုတ်ဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃ ရက်၌ ဒရုန်းဖြင့် လုပ်ကြံမှုကြောင့် အီရန်၏ထိပ်တန်း Quds တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆူလေမာနီနှင့် အီရတ်ရှိ အီရန်ကျောထောက်နောက်ခံ ပြည်သူ့စစ်များ၏ လက်ထောက်တပ်မှူး အဘူမာဒီ အယ်လ်မူဟန် ဒစ်တို့ သေဆုံးခဲ့ရသည်။
“ဒီနေ့ပြီးရင် အာဇာနည်တွေနေတဲ့ တိုင်းပြည်မှာ မင်းတို့ကို ငါတို့နေခွင့်မပေးတော့ဘူး” ဟူသောစာတန်းများ ကိုင်ဆောင် လျက် ဆန္ဒပြခဲ့ကြပြီး မြေပြင်ပေါ်တွင် ပြန့်ကြဲနေသည့် အမေရိကန်နှင့် အစ္စရေးအလံများကို ဆန္ဒပြသူများက နင်းချေခဲ့ကြ သည်။
ပုံ- အမေရိကန် ဆန့်ကျင်ရေး အီရတ်မှာ လုပ်နေကြစည်။(AP)
၎င်းတို့နှစ်ဦး သတ်ဖြတ်ခံပြီးနောက် အီရန်နှင့်အမေရိကန်တို့သည် ပဋိပက္ခအားလုံးနှင့် ပိုမိုနီးကပ်လာခဲ့ပြီး အီရတ်နိုင်ငံတွင် လည်း ဒေါသထွက်နေသော လူအုပ်ကြီး ပေါ်ထွက်လာခဲ့သည်။ ယင်းနောက် အီရတ်လွှတ်တော်မှ အတားအဆီးမရှိသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပြီး ရက်ပိုင်းအကြာ၌ အီရတ်မြေပေါ်ရှိ နိုင်ငံခြားတပ်များအားလုံး နှင်ထုတ်ရန် တောင်းဆိုသံများ ကျယ်လောင်လာခဲ့သည်။
အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် အိုင်အက်စ်များအပေါ် ဆန့်ကျင်တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များကို ထောက်ပံ့ရေးနှင့် ဝါရှင်တန်မှ စေလွှတ်သည့် ချေမှုန်းရေးတာဝန်တို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် တရားဝင် အဆုံး သတ်ခဲ့ပြီ ဖြစ်သည်။
သို့သော် အကြံပေးကဏ္ဍအနေဖြင့် ဆက်လက်ထားရှိပြီး အီရတ်တပ်ဖွဲ့များကို စဉ်ဆက်မပြတ် ထောက်ပံ့ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ ခန့်ကို လာမည့် ကာလများအတွက် အီရတ်မြေပေါ်တွင် လှုပ်ရှားစေဦးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အချို့ပြည်သူ့စစ်ခေါင်းဆောင်များကတော့ အမေရိကန်တပ်ဖွဲ့ဝင်အားလုံး ထွက်ခွာပေးကြရန် တောင်းဆိုနေခဲ့ကြသည်။
“ကျနော်တို့ အာဇာနည်တွေရဲ့ သွေးကြွေးကို လက်စားချေဖို့ အပြည့်အဝ ဆုတ်ခွာပေးခြင်းထက် လျော့နည်းတဲ့ပမာဏကို ကျနော်တို့ လက်ခံမှာမဟုတ်ပါဘူး” ဟု အီရန်မဟာမိတ်တပ်ဖွဲ့အကြီးအကဲ ဟာဒီအယ်လ်အမ်မရီက ပြောကြားခဲ့သည်။
အီရန်နှင့် မဟာမိတ်ပြုထားသော ရှီးယိုက်အဖွဲ့ခွဲများကို ထောက်ခံသူများသည် အင်အားကြီးမားသည့် ပြည်သူ့စစ် ဌာနချုပ် အနီးရှိ ဂျဒရီယာမြို့၌လည်း အလားတူစုဝေးပွဲသို့ ချီတက်ခဲ့ကြရာ အီရတ်ပြည်နယ်အသီးသီးမှ မော်တော်ယာဉ်လမ်းကြောင်းမှ ခဏတာ ပိတ်ဆို့သွားခဲ့သည်။
Source: AP