CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိအောင် လူထုနည်းနှင့် ဆန္ဒပြသင့်လျှင် ပြရမှာဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်သည့်အခါ အစိုးရအသစ် အပြောင်းအလဲဖြစ်တိုင်း လူ၊ မူ၊ အဖွဲ့အစည်းများပါ ပြောင်းလဲသွားကာ ယခင် အစိုးရအဆက်ဆက် တည်ဆောက်ခဲ့သော အခင်းအကျင်းများသည် ယုံကြည်မှုပျောက်၍ ထစ်ဆို့မှုများ ပေါ်ပေါက်လျက်ရှိနေသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများထံမှ ငြိမ်းချမ်းရေး မယူနိုင်လျှင် လူထုနည်းနှင့် ဆန္ဒပြသင့်လျှင်ပြရ မည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အ မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်၊ အစိုးရ၊ နိုင်ငံရေးပါတီတွေ ဆွေးနွေးနေကြစဉ်
၎င်းက “ဒီအဖွဲ့အစည်းကို ငြိမ်းချမ်းရေး မယူနိုင်ဘူးဆို ဆန္ဒပြသင့်ရင် ပြရမှာပေါ့၊ ဒါအစိုးရဘက်ကနေ စေတနာ မှန်ဖို့ပဲ လိုပါတယ်။ ဒါငြိမ်းချမ်းရေး ရလိုချင်စိတ်ကတော့ သူတို့ ရင်ထဲမှာရှိဖို့ လိုအပ်ပါတယ် တချို့ပါးစပ်ကနေမှ ငြိမ်းချမ်းရေးလို့ စကားပြောနေပြီးမှ ငြိမ်းချမ်းရေး မရချင်တဲ့သူတွေ အများကြီးရှိပါတယ်။ အဖွဲ့အစည်းတွေလေ ဘာလို့လဲဆိုတော့ သူတို့အတွက် ငြိမ်းချမ်းရေး မရလေ။ စီးပွားရေးက ကောင်းကောင်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရလေ၊ ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ သူတို့အနေနဲ့ သူတို့အမြင်မှာတော့ world of great ပေါ့ စစ်ဘုရင် ကြီးတွေ ဖြစ်နေကြတာ တကယ်လို့ ငြိမ်ချမ်းရေးရသွားရင် သူတို့ဥပဒေအောက်မှာ နေရမယ်ဆိုတဲ့ အခါကြတော့ မယူချင်တဲ့ အဖွဲ့အစည်းတွေ ရှိနေတာပေါ့။ ဒါလူထုက ဒီချိန်မှာ ညီညီညွတ်ညွတ် ရှိကြဖို့ လိုအပ်တယ်။ အဲ့ဒီ အခက်အခဲကို ကျော်ဖြတ်ဖို့အတွက်က ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဒါလူထုနည်းနဲ့ ဆန္ဒပြရင် ပြရမှာပေါ့ ဗျာ ကျနော်တို့က”ဟု ပြောသည်။
ငြိမ်ချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏ အခြေခံ အကြောင်းတရားများဖြစ်သည့် သမိုင်းနောက်ခံ အဖြစ်အပျက် များ၊ ဝါဒရေးရာ အငြင်းပွားမှုများ၊ နိုင်ငံရေး ခံယူချက်များကို ထည့်မစဉ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်မ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာပြည်တွင် ထာဝရငြိမ်းချမ်းရေး ရရှိအောင် လူမှုစီးပွားဘဝနှင့် ကိုင်တွယ်ရလိမ့်မည်ဟု တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

စစ်ပွဲများ ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုနေကြစဉ်
၎င်းက “ကျနော်တို့ ငြိမ်းချမ်းရေးက လူထုနည်းနဲ့ပဲ သွားလိမ့်မယ်လို့ ထင်တယ်။ လူမှုစီးပွား ဘဝထက်ကို ကျနော်တို့ ငြိမ်းချမ်းရေးက ၈၉ က စယူတာပေါ့၊ ၈၉ ကစပြီး ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး ယူခဲ့တယ်။ အဲ့ချိန်တုန်းက ဘာနဲ့ပဲ ပြောခဲ့လည်းဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးယူအောင်က ဒီလောလောဆယ် ငြိမ်းချမ်းရေးယူ၊ စီးပွားရေးလုပ်ပေါ့နော်။ ဒီနိုင်ငံရေးကိစ္စကို နောက်တက်လာတဲ့ အစိုးရနဲ့ ဆွေးနွေးဆိုတဲ့ အခါကြတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေက မြို့ပေါ်တက်ပြီး စီးပွားရေး လုပ်လာတယ်။ မြို့နဲ့တောနဲ့ ဆက်စပ်လာတယ်၊ နောက်ရတနာတွေ၊ တူးခွင့်တွေ၊ အထူးဒေသတွေကိုပေးတယ်။ အဲ့အခါကြတော့ လက်နက်ကိုင်အဖွဲ့ ဒီလက်နက်ကိုင်လာမှ စီးပွားရေး ကောင်းကောင်း လုပ်ရတယ်ဆိုတဲ့ အခါကြတော့ လူထု ကလည်း ဘာမြင်လာလဲဆိုတော့ ငါတို့လည်း လက်နက်ကိုင်မှဖြစ်မှာ သူတို့လက်နက်ကိုင်တွေက အခွင့်ထူးခံတွေ ငါတို့က အခွင့်ထူး မခံရဘူးဆိုတော့ လက်နက်ကိုင်ဖို့အတွက် ပြန်ကြိုးစားတယ် သူတို့က ဘာလဲဆိုတော့ လက်နက်ပဲ ထပ်ဝယ်တယ်၊ လူအင်အားစုတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ပြဿနာကြီးက ဒီအချိန် ငြိမ်းချမ်းရေး ကိစ္စကြောင့်ပေါ့နော် အခုကျနော်တို့က ထာဝရ ငြိမ်းချမ်းရေးရအောင်က လူမှုစီးပွားဘဝနဲ့ပဲ ကိုင်ရလိမ့်မယ်”ဟု ပြောသည်။
တခုတည်းသော တပ်မတော် ထားရှိရမည်ဆိုသည့် စဉ်းစားချက်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အသိ အမှတ်ပြုရမည်ဆိုသည့် စဉ်းစားချက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ သတ်မှတ်ပေးရမည်ဆိုသည့် စဉ်းစားချက် များသည် “လုံခြုံရေး ရှုထောင့်”ကို အခြေခံသည့် စဉ်းစားချက်များ ဖြစ်၍ အချိန်အတိုအတွင်း မပြီးနိုင်သည်ကို လည်း စဉ်းစားရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
