CNI News

၂၀၂၄ ခုနှစ်၊ မေလ ၈

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တည်ဆောက်နိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင် ခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲ တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်က ကျင်းပခဲ့ကြသည်။

အဆိုပါ လူထုတွေ့ဆုံပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ဘုန်းတော်ကြီးကျောင်းတွင် ဘာသာရေး ခေါင်းဆောင်များမှ ဦးဆောင်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် ဗုဒ္ဓဂါယာဆရာတော် ဘဒ္ဒန္တ စန္ဒဝရက သဘာပတိချုပ်အဖြစ် တာဝန်ယူခဲ့ပြီး မဲဆမိတ် ဆရာ တော် ဘဒ္ဒန ္တ စန္ဒမှ အခမ်အနားမှူးအဖြစ် တာဝန်ယူခဲ့သည်။

ထို့နောက် KNU ၏ ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မောင်ဧ၊ DKBA မှ ဗိုလ်မှူးကြီး စောကျော်သန်းဋ္ဌေး၊ KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွှန့်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုး၊ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်က ဘာသာရေးခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲမှာ ကရင်လက်နက်ကိုင် ခေါင်းဆောင်များကိုတွေ့ရစဉ်

အလားတူ ကြက်တူရွေး ဆရာတော် ဘဒ္ဒန ္တ စန္ဓောဘာသ၊ ဖာပွန်မြို့နယ် ကော့ကရက်ကျောင်းဆရာတော် ဦးတေဇနိယ၊ မြဝတီမြို့ တောင်ကလေးဆရာတော် ဘဒ္ဒန ္တ အဂ္ဂဝံသ၊ ပိုင်ကျုံနှစ်ခြင်းသင်းအုပ် စောစိုးလယ်တို့ လည်း တက်ရောက်ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲသို့ ဘာသာရေးခေါင်းဆောင်များ၊ ဖားအံခရိုင် နယ်မြေခေါင်းဆောင်များနှင့် ဒေသခံ ပြည်သူလူထု စုစုပေါင်း လူဦးရေ ၁၀၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့သိမ်း တိုက်ပွဲကို KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဧပြီလအစောပိုင်းမှာ ဖော်ဆောင်ခဲ့ သည့်အတွက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးများ ရပ်တန်းခဲ့သလို ဒေသတွင်းနေ ပြည်သူလူထုများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားသည့် အတွက် မြို့အတွင်းရှိ နေအိမ်များ ပျက်စီးခဲ့သလို ဒေသတွင်းနေ ပြည်သူလူထုများလည်း သေဆုံးခဲ့ရမှုများ ရှိခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ပြီး တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် ဘာသာရေး ခေါင်းဆောင်များနှင့် ကရင် လက်နက်ကိုင် ခေါင်းဆောင် တချို့က ကြိုးပမ်းလျက်ရှိနေသည်။