CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ လူမြင်ကွင်းကို ထွက်ပေါ်လာ သော ဦးဇော်ဇော်အား ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) တွင် တွေ့ရသည်။

ဦးဇော်ဇော်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကတည်းကနေ လူမြင်ကွင်းကနေ ပျောက်ကွယ်နေခြင်းဖြစ်သည်။ တချို့သော သတင်းများကတော့ ဦးဇော်ဇော် ဖမ်းဆီးခံထားရသည်ဟုဆိုကြသော်လည်း ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ နစကဥက္ကဋ္ဌနှင့်အတူ တွေ့ရခြင်းဖြစ်သည်။

ယနေ့ (ဒီဇင်ဘာ ၂၆ ရက်)နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်းကို နစကဥက္ကဋ္ဌ သွားရောက် စစ်ဆေးရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုလည်း နံဘေးမှာ တွေ့ရသည်။