ဟောင်ကောင်၊ ဒီဇင်ဘာ ၂၀
တရုတ်ပြည်မ၏ “မျိုးချစ်သီးသန့်” စည်းမျဉ်းသစ်အရ ရွေးကောက်ခံ အမတ်နေရာများ သိသာစွာ ဖြတ်တောက်မည့် လွှတ်တော်အမတ် ရွေးချယ်ရေး ဒီဇင်ဘာ ၁၉ ရက် မဲပေးမှု၌ သမိုင်းတွင်အောင် မဲပေးမှု အနည်းဆုံးဖြစ်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
ထို့နောက် မဲပေးမှု အနည်းဆုံး ရလဒ်နဲ့အတူ ဟောင်ကောင်းသားများက ဘေဂျင်းကို အပြင်းအထန် ဆန္ဒထုတ်ဖော်ခဲ့ ခြင်းဖြစ် သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။
ထွက်ပေါ်လာသော ရလဒ်များက မဲဆန္ဒရှင်များ၏ ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းကိုသာ ပြသခဲ့ပြီး ထိုကိန်းဂဏန်းသည် ဟောင်ကောင် ကို ၁၉၉၇ ခုနှစ်၌ တရုတ်လက်သို့ အင်္ဂလိပ်ကိုလိုနီအဖြစ်မှ လွှဲပေးလိုက်ပြီးနောက် (မလွှဲပြောင်းမီနှင့် လွှဲပြောင်းပြီး) ကာလ နှစ်ခုစလုံးအတွက် အနိမ့်ဆုံး ရာခိုင်နှုန်း ဖြစ်နေသည်။
ယခုစစ်တမ်းသည် ပြီးခဲ့သည့် ၂ နှစ်က အင်အားများပြားပြီး ပြင်းထန်သော ဒီမိုကရေစီအရေး ဆန္ဒပြပွဲများကို တုံ့ပြန်သည့် အနေဖြင့် တရုတ်ပြည်မက ဟောင်ကောင်အပေါ် ချမှတ်ထားသော နိုင်ငံရေး အသေးစိတ် ပုံစံအောက်တွင် ပထမဆုံးသော လွှတ်တော်ရွေးကောက်ပွဲ စစ်တမ်းလည်း ဖြစ်သည်။
သို့သော် စနစ်သစ်အတွက် ပထမဆုံး လူထုသဘောထား စမ်းသပ်မှုတွင် ဟောင်ကောင်သားအများစုသည် ဈေးဝယ်စင်တာ များ၊ တောင်တက်လမ်းများနှင့် ကမ်းခြေများတွင်သာ တိုးဝှေ့နေကြခြင်း မဲရုံများနှင့် ဝေးဝေးနေခဲ့ကြသည်။
ပုံ-ဟောင်ကောင်သားများ ဒီမိုကရေစီအရေးတောင်းဆိုနေကြစဉ်။
မကြာသေးမီက ရွေးကောက်ပွဲ သပိတ်မှောက်ရန် စည်းရုံးခြင်း (သို့မဟုတ်) လှုံ့ဆော်ခြင်းတို့ကို တရားမဝင်ကြောင်း သတ်မှတ် ခဲ့သော်လည်း ပြည်ပသို့ ထွက်ပြေးသွားကြသည့် ထင်ရှားသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အများအပြားက လူမှု ကွန်ရက်မီဒီယာများတွင် အလားတူ လှုံ့ဆော်စည်းရုံးမှုများကို ရေးသားလွှင့်တင်ခဲ့ကြသည်။
ဟောင်ကောင်နှစ်ခြင်း(ဘက်ပတစ်)တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ကန်းနက်ချမ်း (Kenneth Chan) က ဒီဇင်ဘာ ၁၉ ရက် မဲလာပေးကြသည့်နှုန်းသည် အစိုးရအတွက် လွန်စွာရှက်စရာကောင်းကြောင်း မှတ်ချက်ချခဲ့သည်။
၂၀၁၆ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သော ဟောင်ကောင်လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ ထက်ဝက်ကို တိုက်ရိုက် ရွေးချယ် တင်မြှောက်ခြင်းဖြစ်ပြီး ဒီမိုကရေစီအရေးအတွက် ရပ်တည်ခဲ့ကြသူ အများစုမှာ ယခုအခါ ထောင်ကျသူကျ၊ ပြည်ပ ထွက်ပြေးသူပြေး ဖြစ်ကုန်ကြသည်။ အချို့ကတော့ အရည်အချင်း မပြည့်မီခြင်းကြောင့်လည်း ပါသည်။ ထိုစဉ်က ရွေးကောက် ပွဲ အတွက် မဲပေးသူ ရာခိုင်နှုန်းမှာ ၅၈ ရာခိုင်နှုန်း ဖြစ်သည်။
ဟောင်ကောင်သည် နှစ်များစွာ ဆန္ဒပြမှုများ ကြီးထွားလာခြင်း၏ အရင်းအမြစ်မှာ ဒီမိုကရေစီ အပြည့်အဝ မရှိခြင်းကြောင့် ဖြစ်သည်။ ဘေဂျင်း၏ နောက်ဆုံး နည်းစနစ်များက သူတို့မြို့တော်ကို ဘယ်သူဘယ်ဝါ အုပ်ချုပ်နေသည်ဟု ထုတ်ဖော် ပြော ချင်စိတ် ကုန်ခမ်းလောက်အောင် ဟောင်ကောင်သားများ ခံစားချက် ဖြစ်စေခဲ့သည်။
စည်းမျဉ်းသစ်အရ ကိုယ်စားလှယ်လောင်းများက ၎င်းတို့မျိုးချစ်စိတ်နှင့် နိုင်ငံရေး သစ္စာစောင့်သိမှုအတွက် အစစ်ဆေးခံရမည် ဖြစ်ပြီး လွှတ်တော်အမတ်နေရာ ၉၀ အနက် ၂၀ ကို တိုက်ရိုက်ရွေးချယ်မည်ဖြစ်သည်။
Source: AFP, Bangkok Post