CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အချို့အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကို အမေရိကန်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ပိတ်ဆို့မှု ရုပ်သိမ်းခြင်းသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းကို ဖြေလျော့ရုပ်သိမ်းပေးရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်များကို နိုင်ငံတကာက သိရှိမှုမရှိဘဲ သတင်းမှားများကို အခြေခံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ ရပါကြောင်း၊ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားရာ ထိုအရေးယူ ပိတ်ဆို့ထားမှုများသည် မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှ အကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံပြည်သူ များ၏ အကျိုးစီးပွားကို ရှေ့ရှု၍ ယခင်က ချမှတ်ခဲ့သည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရုပ်သိမ်းပေးရန် လည်း အထူးမေတ္တာရပ်ခံအပ်ပါတယ်”ဟု ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က သမ္မတထရမ့်ထံ ပေးပို့ပြောကြားခဲ့သည်။

 

နစကဥက္ကဋ္ဌ သမ္မတထရမ့်ဆီ စာပေးပို့ပြီးနောက် နှစ်ပတ်အကြာမှာ အမေရိကန်က မြန်မာစီးပွားရေးလုပ်ငန်းရှင် များဖြစ်သည့် ဦးဂျွန်နသန် မျိုးကျော်သောင်း၊ ဦးအောင်လှိုင်ဦး၊ ဦးစစ်တိုင်းအောင်၊ ဒေါ်တင်လတ်မင်းတို့ကို ပိတ်ဆို့ အရေးယူမှုစာရင်းကနေ ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။

ဦးဂျွန်နသန် မျိုးကျော်သောင်းသည် KT Services & Logistics တို့ကို တည်ထောင်သူဖြစ်ပြီး ဦးစစ်တိုင်းအောင်မှာ Suntac Technologies ၏ ပိုင်ရှင်ဖြစ်သည်။ ဦးအောင်လှိုင်ဦးသည် MCM Group ပိုင်ရှင်ဖြစ်သည်။

KT Services & Logistics နှင့် ဦးဂျွန်နသန် မျိုးကျော်သောင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ဂျိုးဘိုင်ဒန်အစိုးရ လက်ထက်က ပိတ်ဆို့အရေးယူမှု စာရင်းထဲသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဦးစစ်တိုင်းအောင်နှင့် ဦးအောင်လှိုင်ဦး တို့ကတော့ နစက၏ ကာကွယ်ရေးကဏ္ဍတွင် လုပ်ကိုင်နေခြင်း ကြောင့် ၂၀၂၂ ခုနှစ်မှာပဲ ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ဒေါ်တင်လတ်မင်းကတော့ နစကနှင့် နီးစပ်သူဖြစ်၍ ၂၀၂၄ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခံခဲ့ရခြင်းဖြစ်သည်။