CNI International News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄
ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ပြဿနာ တင်းမာနေချိန်မှာဘဲ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့ နံနက် ၈ နာရီ တွင် စတင်၍ စစ်ပွဲအရှိန်မြင့်နေသည်။
ကမ္ဘောဒီးယားစစ်တပ်က ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့၍ 7 Eleven ဆိုင်နှင့် ဆေးရုံ များထိမှန်ခဲ့ကာ အရပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့သည်။
ထို့နောက် ထိုင်းစစ်တပ်က ကမ္ဘောဒီးယား၏ စစ်စခန်း ၂ ခုကို F-16 လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် ထိုင်းက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကို ပြန်ခေါ်ခဲ့သလို ကမ္ဘောဒီးယားကလည်း ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်အား ပြန်လည်ခေါ်ယူခဲ့သည်။