CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အတွင်းက နေရာအများစုကို မြန်မာ့တပ်မတော်က ဇူလိုင် ၂၂ ရက်မှ စတင်ကာ ပြန်လည် ထိန်းချုပ်လိုက်ကြောင်း သိရသည်။

သပိတ်ကျင်းမြို့ကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA)နှင့် မိုးကုတ်ဗျူဟာတို့ ပူးပေါင်း၍ မြန်မာ့တပ်မတော်ထံမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ထိန်းချုပ်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်သည် သပိတ်ကျင်းမြို့၊ နောင်ချိုမြို့၊ မိုးဗြဲမြို့များကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက် လာခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်ထဲမှာ ကယားပြည်နယ်၊ မိုးဗြဲမြို့ကိုလည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကိုလည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့ကိုလည်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် သပိတ်ကျင်းမြို့အတွင်းက မြို့ဦးတောင်ပေါ် ဘုရားကုန်၊ မြို့တော်ခန်းမ၊ ပြည်သူ့ဆေးရုံ အပါအဝင် အဓိက နေရာအများစုကို ထိန်းချုပ်ထားပြီဖြစ်သည်။