CNI International News
တီဟီရန်၊ ဇူလိုင် ၇
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ဖြစ်သည့် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သည် အစ္စရေး နှင့် ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၅ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းသို့ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး Ashoura ဘာသာရေးပွဲ အခမ်းအနားတစ်ခုအတွက် ဗလီတစ်ခုသို့ တက်ရောက်လာခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ခါမေနီသည် စစ်ပွဲကာလအတွင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေသဖြင့် သူသည် မြေအောက် ဘန်ကာထဲတွင် နေထိုင်နေခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း အီရန်နိုင်ငံပိုင် မီဒီယာကမူ ထိုထင်ကြေးပေးမှုများကို အတည်ပြုခဲ့ခြင်းမရှိပေ။
အီရန်နိုင်ငံပိုင် ရုပ်သံ၏ ဖော်ပြချက်အရ ခါမေနီသည် ၎င်း၏ ထောင်ခံသူများကို လက်ဝှေ့ယမ်းပြနေပြီး တီဟီရန် မြို့တော်ရှိ ၎င်း၏ ရုံးခန်းနှင့် နေအိမ်အနီးရှိ ဗလီတစ်ခုအတွင်းသို့ ဝင်ရောက်သွားပုံများကို မြင်တွေ့ရသည်။
ခါမေနီနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များ ချက်ချင်း ထွက်ပေါ်လာခြင်း မရှိသေးဘဲ ခါမေနီနှင့်အတူ အီရန် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ထိပ်သီးအရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားမျိုးကို လုံခြုံရေး တင်းကျပ်စွာ ချထားလေ့ရှိသည်။
အီရန်ခေါင်းဆောင် အလီခါမေနီကို တွေ့ရစဉ်
အမေရိကန်သည် အီရန်၏ နျူကလီးယားစက်ရုံး ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အသက် ၈၆ နှစ်အရွယ် ခါမေနီသည် မည်သည့်နေရာတွင် ရှိနေသည်ကို အမေရိကန်က သိရှိထားကြောင်း၊ သို့သော် ခါမေနီကို သတ်ဖြတ် ရန် အစီအစဉ်မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က သတိပေးခဲ့သည်။
အစ္စရေးနှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း လူပေါင်း ၉၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်းထောင်ချီ ဒဏ်ရာရခဲ့ကြောင်း အီရန်က ထုတ်ပြန်ခဲ့သလို ၎င်း၏ နျူကလီးယား စက်ရုံများလည်း အကြီးအကျယ် ထိခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ သည်။
သို့သော် ထိုစက်ရုံများ အတွင်းသို့ ကုလသမဂ္ဂ၏ အဏုမြူစွမ်းအင် အေဂျင်၏ စုံစမ်းစစ်ဆေးသူများကို ဝင်ရောက် စစ်ဆေးခွင့် ငြင်းဆိုခဲ့သည်။
အီရန်ကလည်း ၁၂ ရက်ကြာ မြင့်ခဲ့သည့် စစ်ပွဲအတွင်း အစ္စရေးကို ပဲ့ထိန်းဒုံးကျည် အစင်း ၅၅၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ပြီး အစ္စရေးတွင် လူ ၂၈ ဦး သေဆုံးခဲ့ကာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။
Source: အေပီ