CNI New

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇

မြန်မာနိုင်ငံတွင် တပ်မတော်သည် နိုင်ငံရေးကနေ တဖြေးဖြေးချင်း ဆုတ်ခွာရန် စဉ်းစားထားနိုင်သော်လည်း နိုင်ငံရေးသမားများ အနေဖြင့် တပ်မတော်ကို သွားပြီး နားရွက်တံတွေး မစွပ်ရန်လိုအပ်သည်ဟု ပြည်သူ့ရှေ့ ဆောင်ပါတီ(PPP)မှ အထွေထွေအတွင်းရေးမှုး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြဿနာများ ရှုပ်ထွေးလာသည့်အခါတိုင်း အာဏာရယူမှုများ ပြုလုပ်လေ့ရှိသည့်အတွက် နိုင်ငံရေးသမားများအနေဖြင့် တပ်မတော်ကို နားရွက်တံတွေးမစွပ်မိရန် သတိထားသင့် ကြောင်း ထောက်ပြမှုများရှိနေသည်။

တပ်မတော်သည် ၂၀၂၁ ခုနှစ်က အာဏာထိန်းသိမ်းမှုက ရွေးကောက်ပွဲ မဲမသမာမှုနှင့် တိုင်းပြည်၏ အနာဂတ် အလားအလာ ဆိုးရွားသွားမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြည်သူ့ရှေ့ ဆောင်ပါတီ(PPP)မှ အထွေထွေ အတွင်းရေးမှုး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်

နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်

၎င်းက “အဓိက,ကတော့ တပ်မတော်က နိုင်ငံရေးကနေ သူက ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် ဖြေးဖြေးချင်း ဆုတ်ခွာဖို့ ရည်ရွယ်ထားပုံရတယ်။ သူက ဝင်ဝင်ပါနေရတာက ဒီနိုင်ငံတော်လုံခြုံရေးနဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာရှိစွာ တည်ရှိ ရေးအပိုင်းကို သူက စိတ်ပူလို့ အဲလိုမဖြစ်ဖို့ဆိုရင် တပ်မတော်ကို ရှင်းရှင်းပြောရရင်ဗျာ။ သွားသွားပြီး နားရွက် တံတွေး မစွပ်ဖို့လိုတာပေါ့။ နိုင်ငံရေးသမားတွေအနေနဲ့ တပ်မတော်ကို သွားသွားနားရွက်တံတွေးစွပ်ရင်တော့ တပ်မတော်က ထပ်ထပ်ပြီး အာဏာထိန်းသိမ်းတာတွေ လုပ်ကောင်းလုပ်နိုင်တာပေါ့။ အဲတော့ ဆိုလိုတာက တပ်မတော်နဲ့ ဒီနိုင်ငံရေးသမားတွေရဲ့ကြားမှာ တပ်ဘက်အရပ်ဘက် ဆက်ဆံရေးလို့ပဲ ပြောပြောပေါ့လေ ပြေလည် သော ဆက်ဆံရေးတစ်ခုပဲ တည်ဆောက်ပြီး တပ်မတော်ကို နိုင်ငံရေးနယ်ပယ်ကနေ ဖြေးဖြေးချင်း ဆုတ်ခွာသွား အောင် လုပ်ရမှာ ဆိုလိုတာက တပ်မတော်ကို လူမိုက်အပြော သွားပြောပြီးရင် မင်းမရှိလည်းရတယ်။ မင်းဂရုမ စိုက်ပါဘူးတို့ ဒါမျိုးသွားပြောလို့မရဘူးပေါ့နော်။ တပ်မတော်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုပြီး တပ်မတော်ကို ဖြေးဖြေးချင်း နိုင်ငံရေးကနေ ဆုတ်ခွာသွားအောင် စည်းရုံးသိမ်းသွင်း ဖြောင်းဖြယူရမယ့် သဘောပေါ့နော်။ အဲလိုမျိုး လုပ်မယ်ဆိုရင်တော့ တပ်မတော်က နိုင်ငံရေးကနေ ဖြေးဖြေးချင်း ဆုတ်ခွာသွားမယ်လို့ ကျနော်တို့လည်း မျှော်လင့်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တပ်မတော်သည် ၁၉၅၈ က ဦးနု အစိုးရမှ အာဏာအပ်နှံ၍ အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်း အုပ်ချုပ်ခဲ့ဖူးပြီးနောက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တစ်ကြိမ်၊ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလတွင် တစ်ကြိမ်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တစ်ကြိမ်  စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အာဏာရရှိခဲ့ဖူးသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်း ပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က အာဏာရယူခဲ့ပြီးနောက် လက်ရှိအချိန်ထိ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လျက်ရှိသည်။ 

 နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ် 

မြန်မာ့တပ်မတော်သည် အခက်အခဲများဖြစ်လာပါက ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသော စကား များဖြင့် အာဏာသက်ဆိုးရှည်အောင် ပြည်သူများကို လှည့်ကွက်များသုံး၍ ဆောင်ရွက်လေ့ရှိကြောင်း တရုတ်-မြန်မာအရေး‌လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲလိုလူတွေကို ကျမတို့က နိုင်ငံ‌ရေးသမားလို့ သဘောမထားဘူး။ စစ်တပ် ကလုပ်ပေးမယ့်  ရွေးကောက်ပွဲအပေါ်မှာလည်း ဘာသံယောဇဥ်မှ မရှိဘူး၊ ဘာမျှော်လင့်ချက်မှ မရှိဘူး။ စစ်တပ်က သူတို့အတွက် အခက်အခဲ ဖြစ်လာရင် ရွေးကောက်ပွဲတို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ သူက အဲစကားတွေနဲ့ လူတွေကိုလှည့်စား တာ တစ်သက်လုံး လုပ်လာတာ။ အဲတာကို လိုက်ပြီးပြောတဲ့ နိုင်ငံရေးသမားဆိုတာ စစ်တပ်အကြိုက်၊ စစ်တပ်ရဲ့ စားကြွင်းစားကျန်လေး စားရဖို့ လိုက်လုပ်နေတဲ့ နိုင်ငံရေးသမားတွေ နိုင်ငံရေးသမား မဟုတ်ပါဘူးဗျာ။ နိုင်ငံရေး လုပ်စားတဲ့သူတွေကပြောတာ။ ဒီလိုလူမျိုးတွေက ပြောတာကို မှတ်ချက်လည်း မပေးဘူး၊ ဂရုလည်းမစိုက်ဘူး ရွေးကောက်ပွဲ ကိုလည်း ဘယ်လိုမှ အသိအမှတ်မပြုဘူး။ ဒီစစ်တပ်က သူတို့ဒီနိုင်ငံရေးထဲမှာ သက်ဆိုးရှည်နိုင်ဖို့ ဒီတိုင်းပြည် အုပ်ချုပ် မင်းလုပ်ရတဲ့ဟာကို အရသာတွေ့နေပြီ။ ဒါကြောင့် ဒီစစ်အာဏရှင်စနစ်ကြီး သက်ဆိုးရှည်ဖို့အတွက် လူတွေကို အမျိုးမျိုး လှည့်စားနေတဲ့ လှည့်ကွက်တစ်ခု ပဲဖြစ်တယ် အဲတော့ သူတို့ထွက်မှာ မဟုတ်ဘူး”ဟု ပြော သည်။

နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားသည့် မြန်မာ့တပ်မတော်က အုပ်ချုပ်ရေးအတွက် နစကကို ဖွဲ့ စည်း၍ အုပ်ချုပ်လျက်ရှိသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အနိုင်ရ ရှိသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထား သည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် တပ်မတော် မကြိုက်သည့် ရလဒ်ထွက်၍ မရ‌ကြောင်း၊ တပ်မတော် လက်ခံ သည့် ရလဒ်ထွက်မှသာ တည်ငြိမ်သည့် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်မည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က ထောက်ပြကြသည်။