CNI International News
၂၀၂၅ ခုနှစ်၊ မေလ ၇
ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက်အဖွဲ့အစည်းများ အခြေပြုနေသည့် နေရာ ၉ နေရာကို တိုက်ခိုက်ခဲ့ ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို အိန္ဒိယက ဆင်ဒူးစစ်ဆင်ရေးဟု အမည်ပေးထားသည်။
အိန္ဒိယနိုင်ငံ ပိုင်ဆိုင်သည့် ကက်ရှ်မီးယားဒေသတွင် ဧပြီလက အကြမ်းဖက်သမားတချို့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခရီးသွား ၂၆ ဦး သေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံက အားပေးထောက်ခံနေသော အကြမ်းဖက်သမားများဖြစ်သည်ဟု အိန္ဒိယဘက်က ပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မေလ ၇ ရက်တွင် ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက် သမားများ အခြေပြုနေသည့် နေရာ ၉ နေရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ၏ တိုက်ခိုက်မှုကို ပါကစ္စတန်ဘက်က ပြန်လည် တုံ့ပြန်ခဲ့သည့်အတွက် အိန္ဒိယလေတပ်မှ တိုက်လေယာဉ် တချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။