CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၈

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဂျူလီဘိရှော့သည် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထုတ်ပြန်ခဲ့သည်။

မစ္စစ်ဘိရှော့သည် ဧပြီ ၈ ရက်တွင် မြန်မာနိုင်ငံသွား သွားရောက်မည်ဖြစ်ပြီး နစကအဖွဲ့ဝင်များဖြင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့၏ ခရီးစဉ်သည် ငြိမ်းချမ်းရေးနှင့် ဆွေးနွေးညှိနှိုင်းရေးအတွက် အားဖြည့်ရန် ရည်ရွယ်ထားကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အမေရိကန် ဒေါ်လာ ၉၃ သန်း ထောက်ပံ့ရန် ကတိပြုထားသလို ကုလသမဂ္ဂ၏ အရေးပေါ် ရန်ပုံငွေထဲ ကနေ အမေရိကန် ဒေါ်လာ ၅ သန်း ထောက်ပံ့ရန်လည်း ကတိပြုထားသည်။

မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့် လူဦးရေ သန်း ၂၀ ကူညီထောက်ပံ့မှုများ လိုအပ်လာမည်ဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့သည်။