CNI International News

စန်တီယာဂို ဒီဇင်ဘာ ၈

လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ချီလီလွှတ်တော်(ကွန်ဂရက်)က ဒီဇင်ဘာ ၇ ရက်တွင် အတည်ပြုပေးခဲ့သည်ဟု အေအက်ဖ်ပီသတင်းကိုကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

အဆိုပါ အစီအမံသည် ဥပဒေကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းပေးရမည့် ချီလီနိုင်ငံ၏သမ္မတ ဆာဘာရှန်းပင်နီရာ၏ ပံ့ပိုးမှုဖြင့် အကောင်အထည် ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ လက်ထပ်ပြီး လိင်တူစုံတွဲများကို ကလေးမွေးစားခွင့် ပေးမည်ဖြစ်သည်။

ထိုဥပဒေကြမ်းကို ဒီဇင်ဘာ ၇ ရက်တွင် အထက်လွှတ်တော် (သို့မဟုတ်) ဆီးနိတ်က မီးစိမ်းပြခဲ့ပြီး အောက်လွှတ်တော်၌ ထောက်ခံမဲ ၈၂ မဲ၊ ကန့်ကွက်မဲ ၂၀၊ ကြားနေ ၂ မဲ တို့ဖြင့် နောက်ဆုံး အတည်ပြုပေးခဲ့သည်။

လက်တင်အမေရိက ဒေသတွင်း၌ လိင်တူစုံတွဲများသည် ယခုအချိန်အထိ ကော်စတာရီကာ၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ဘရာဇီး၊ ဥရုဂွေး၊ အာဂျင်တီးနားနှင့် မက္ကစီတို့တွင် လက်ထပ်နိုင်သေးသည်။ မက္ကစီကိုနိုင်ငံတွင် ပြည်နယ် ၃၂ ခုရှိရာ ပြည်နယ် ၁၄ တွင် သာ ထိုသို့ လက်ထပ်ခြင်းကို လက်ခံကြသည်။

ချီလီနိုင်ငံတွင် ၂၀၁၅ ခုနှစ်က အရပ်ဘက်အဖွဲ့အစည်းများအတွင်း လိင်တူသမဂ္ဂကို တရားဝင် ခွင့်ပြုခဲ့ပေးပြီး ထိုစဉ်က သမ္မတ ဖြစ်သူ မီရှဲဘက်ချလက်က ၂၀၁၇ ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်သို့ ဥပဒေကြမ်းတစ်ခု ပေးပို့ပြီးသည့်နောက်ပိုင်း လိင်တူ လက်ထပ်ခြင်း တရားဝင် ခွင့်ပြုလာစေရေး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

မီရှဲဘက်ချလက်၏ ကွန်ဆာဗေးတစ်ပါတီကို ဆက်ဆံသူ လက်ရှိသမ္မတ ပင်နီရာက အံ့အားသင့်စရာ စီမံချက်တစ်ခုအဖြစ် ကွန်ဂရက်လွှတ်တော်မှတဆင့် ချီလီနိုင်ငံသားအများစု ကျောထောက်နောက်ခံပြုလျက် အဆိုပါဥပဒေမူကြမ်းကို အတည်ပြု ချက် ရယူသွားမည်ဟု ပြီးခဲ့သည့်ဇွန်လ၌ ကြေညာခဲ့သည်။

ယင်းစီမံချက်ကို ချီလီနိုင်ငံ၏ အာဏာရလက်ယာစွန်း ကွန်ဆာဗေးတစ် အစုအဖွဲ့က ဆက်တိုက် ကန့်ကွက်မှုများ ရှိခဲ့သော် လည်း အတိုက်အခံများ ကြီးစိုးသည့် လွှတ်တော်အတွင်း၌ စီမံချက် လုပ်ငန်းစဉ်တိုင်းအတွက် အများစု၏ ထောက်ခံမဲ ရရှိခဲ့ သည်။

ဒီဇင်ဘာ ၁၉ ရက် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းနှစ်ဦးကို အဆိုပါပြဿနာက အတိ အလင်း ပိုင်းခြားထားသည်။

ကွန်မြူနစ်ပါတီ ပါဝင်သည့် လက်ဝဲမဟာမိတ်အဖွဲ့ကို ကိုယ်စားပြုသူ အသက် ၃၅ နှစ်ရှိ သမ္မတလောင်း ဂါဘရီရယ်ဘောရစ် က ယခု ဥပဒေမူကြမ်းကို ထောက်ခံခဲ့သည်။

သို့သော် ဘောရစ် မဲရလဒ် ၂၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ပထမအကျော့တွင် ၂၈ ရာခိုင်နှုန်းဖြင့် အသာစီးရသော လက်ယာ စွန်း သမ္မတလောင်း ဂျိုစီအန်တိုနီယိုကက်က ယင်းဥပဒေမူကြမ်းကို ကန့်ကွက်ပြီး မဲဆွယ်စည်းရုံးခဲ့သည်။

Source: AFP, Bangkok Post