CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁

မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားသော ငလျင်ကြောင့် ထိခိုက်ခံစားရသော ပြည်သူလူထုများအတွက် ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးအဖွဲ့ (CPR)က လူသားချင်းစာနာထောက်ထားမှုအကူအညီ ထောက်ပံ့များ ပေးအပ်သွား မည်ဖြစ်သည်။

CPR မှ ကူညီရေးအဖွဲ့သည် စိမ်းလဲ့ကန်သာ ပရဟိတအသင်း(လှိုင်သာယာ)မှ အကူအညီပေးသော ကားဖြင့် ရန်ကုန်ကနေ ဧပြီ ၁ ရက်တွင် စတင် ထွက်ခွာ၍ မန္တလေး၊ စစ်ကိုင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်နှင့် အခြား ဆက်စပ် ဒေသများသို့ သွားရောက်ကာ ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်မည်ဖြစ်သည်။

အဆိုပါ ကူညီထောက်ပံ့ရေး ပစ္စည်းများမှဦ ဆေးရုံသုံး ဆေးဝါးပစ္စည်းများ၊ အိမ်သုံးဆေးဝါးများ၊ အိမ်သုံး ပစ္စည်းများ၊ ကလေးဖြည့်စွက်စာများ၊ သောက်ရေ စသဖြင့် ပါဝင်သည်။

CPR သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပေးနေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။