CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇

နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ယနေ့ (ဒီဇင်ဘာ ၇ ရက်) တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်ကသူ၏လူမှုကွန်ရက်စာမျက်နှာကနေ တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တွေ့ဆုံမှုမှာ ကမ္ဘောဒီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးနန်းတော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က သူ၏လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပြောကြားခဲ့သည်။

ထို့နောက် အာဆီယံအရေးကို နည်းလမ်းရှာဖွေရန်၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်းရေး၊ ခိုင်မာမှု အားကောင်းရေး မည်သို့ ဆောင်ရွက်ကြမလဲကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ဆိုသည်။

ပုံ- ဦးဝဏ္ဏမောင်လွင်နှင့် ဝန်ကြီးချုပ်ဟွန်ဆန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က တွေ့ဆုံစဉ်။ (SPM)

ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီးလာမည့်ဇန်နဝါရီလတွင်မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်ကပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။