CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၄
အိန္ဒိယ-မြန်မာနယ်စပ်အနီး တမူးဒေသတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု India Today NE ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကနဦး ထွက်ပေါ်နေသည့် သတင်းများအရ PDF ဘက်မှ ၃၂ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး NSCN-K ဘက်မှာတော့ ဗိုလ်ကြီးအဆင့် တစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယ မီဒီယာက ဖော်ပြခဲ့သည်။
ထိုတိုက်ပွဲတွင် NSCN-K ဘက်မှ သေဆုံးခဲ့သူ ၃ ဦးမှာ ဗိုလ်ကြီး Thiangjeng Liangmai (၃၀ နှစ်) ၊ တပ်သား Hoilamlung Phiang (၂၂ နှစ်) နှင့် တပ်သား Chapyang Zemi (၃၅ နှစ်) တို့ဖြစ်သည်။
NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
သေဆုံးသွားသော PDF အချို့သည် ဒေသတွင်း လှုပ်ရှားနေသည့် ကူကီးအမျိုးသားတပ်မတော်-မြန်မာနိုင်ငံ(KNA-B) နှင့် ဆက်နွှယ်မှုရှိကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များက ထိုဖြစ်ရပ်ကို စောင့်ကြည့်နေပြီး အခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။
တမူးဒေသတွင် NSCN-K လှုပ်ရှားနေသည်ဟု India Today NE မှ ဖော်ပြခဲ့သော်လည်း ဒေသတွင်း သတင်းရင်း မြစ်များ၏ အဆိုအရ NSCN-K မဟုတ်ဘဲ NSCN-IM နှင့် ကသည်းလက်နက်ကိုင် PLA တို့သာ လှုပ်ရှားလျက်ရှိ ကြောင်း သိရသည်။
NSCN-K တွင် ယုံးအောင် ဦးဆောင်သည့် NSCN-K/YA နှင့် အန်းမိုင် ဦးဆောင်သော NSCN-K/AM ဟု၍ ၂ ဖွဲ့ရှိရာ ထို ၂ ဖွဲ့စလုံးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂဒေသများတွင် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
Source: India Today NE