CNI International News
အိုင်ဇော ၊ မတ်လ ၇
မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ဒီမိုကရေစီလိုလားသည့် ချင်းပြည်ကောင်စီ(CC) နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (Chin National Consultative Council (ICNCC) တို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် မကြာသေးမီက လယ်ဒူဟိုမာ (Lalduhoma) ၏ ရှေ့မှောက်တွင် ပေါင်းစည်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု Hindustan Times မှ ဖော်ပြခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို အိန္ဒိယ၏ မီဇိုရမ် (Mizoram) ပြည်နယ်၊ အိုင်ဇော (Aizawl) မြို့တော်တွင် ရယူခဲ့ကြ ခြင်းဖြစ်သည်။
အဆိုပါ ချင်းကောင်စီ ၂ ခုအကြား ရန်လိုမှုများအား အဆုံးသတ်ရေးအတွက် ပေါင်းစည်းရေး သဘောတူစာချုပ်ကို ဖေဖော်ဝါရီ ၂၆ ရက်က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့ ၂ ဖွဲ့သည် ချင်းအမျိုးသားကောင်စီ (CNC) အမည်ရှိ တစ်ခုတည်းသော ချင်းအဖွဲ့အစည်း ထူထောင်ရန် ပေါင်းစည်းခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးမှ အရာရှိများနှင့် ချင်းကောင်စီ ၂ ခုမှ အဖွဲ့ဝင် များက အတည်ပြုခဲ့သည်။
ထိုသဘောတူ စာချုပ်ချုပ်ဆိုမှုသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ချင်းလက်နက်ကိုင် အဖွဲ့များ ပေါင်းစည်းညီညွတ်စေရန် မဏိပူရပြည်နယ်ဝန်ကြီးချုပ်က အားထုတ် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး၏ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် လယ်မူအန်ပူဂျာ ပွန်တီ (Lalmuanpuia Punte) က Hindustan Times ကို ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကို သက်သေထားပြီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ ပူးပေါင်း၍ သဘောတူကြစဉ်
ချင်းပြည်နယ်၏ နိုင်ငံရေးအခြေအနေ မတည်ငြိမ်ပါက မီဇိုရမ်ပြည်နယ်အတွက် လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်လာ နိုင်ပြီး ချင်းလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေးသည် မိမိတို့၏ ရည်မှန်းချက်ဖြစ်ခဲ့ကြောင်း၊ ချင်းတော်လှန်ရေး သည် နောက်ထပ် အဆင့်သစ် တစ်ခုအထိ မြင့်မားစွာ ရောက်ရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပွန်တီက ပြော သည်။
ချင်းပြည်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA/CNF)နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းညီအစ်ကိုများအဖွဲ့(Chin Brotherhood-CB) တို့မှ ကိုယ်စားလှယ်များလည်း ပေါင်းစည်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ သည်ဟု ဆိုသည်။
ချင်းလူမျိုးများအတွက် သီးခြားအုပ်ချုပ်နေသည့် အဖွဲ့ ၂ ဖွဲ့သည် အကျိုးရှိစေသဖြင့် ပေါင်းစည်းရန် သဘောတူညီ ခဲ့ခြင်းဖြစ်သည်ဟု ချင်းပြည်ကောင်စီ၏ ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ညှိနှိုင်းရေးအဖွဲ့၏ တွဲဖက်ညှိနှိုင်းရေးမှူး ဂျက်ကော့ဘ် ဗွီ ဇော်မာ (Jacob V Zawma) က ပြောသည်။
ထိုချင်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့သည် လက်ရှိတွင် ချင်းပြည်နယ် ကာကွယ်ရေးအတွက် စည်းလုံးသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ ထူထောင်ရန် မဟာဗျူဟာများကို ဆွေးနွေးနေသည်ဟု ဆိုသည်။
လက်ရှိတွင် ချင်းတော်လှန်းရေး တပ်ဖွဲ့များသည် ချင်းပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထား ကြောင်းလည်း ဇော်မာက ပြောကြားခဲ့သည်။
Source: Hindustan Times